Movie Name
Border (2018)
Year
2018
Generes
Crime, Fantasy
Code
03593
Type
Movie
Size
238 MB
Country
Hollywood
Description
ဒီတစ်ခါမိတ်ဆက်ပေးချင်တဲ့ဇာတ်ကားလေးကတော့Rating 7.2 ရရှိထားပြီး အော်စကာဆန်ခါတင်ခဲ့ပြီးတစ်ခြားဆုတွေလည်းရရှိထားတဲ့ ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ဆွီဒင်စကားပြော ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းကိုအနည်းငယ် မိတ်ဆက်ပေးရရင်တော့ တင်နာ ဆိုတဲ့မိန်းမကြီးဟာ အကောက်ခွန်မှာအလုပ်လုပ်တဲ့သူတစ်ဦးဖြစ်ပါတယ်။ သူဟာကြောက်မက်ဖွယ်ကောင်းတဲ့ရုပ်ရည်ရှိပါတယ် ဒါပေမဲ့ သူဟာဆိုရင်အရမ်းကိုထူးချွန်ပြီးတော့ တစ်ခြားသူတွေပစ္စည်းတစ်ခုခုကို လျှို့ဝှက်ယူလာတာနဲ့ အနံ့ရတယ်လို့လည်းဆိုပါတယ်။တစ်ကယ်လည်း အဲ့လိုပါပဲ ပစ္စည်းတွေအကောက်ခွန်မသိအောင် ခိုးသယ်ကြပေမဲ့ တင်နာကတော့ အနံ့ခံမိနေဆဲပါ။ သူမကတော့ သူမဟာဆိုရင်လူတွေရဲ့ လောဘ ဒေါသတွေ မလုံမလဲဖြစ်တဲ့ စိတ်ခံစားချက်တွေဟာ ထူးဆန်းတဲ့အနံ့တစ်မျိုးအဖြစ် သူမအနံ့ခံမိတာဖြစ်တယ်လို့ပြောပါတယ်။ ဒီလိုနဲ့တစ်ရက်မှာ လူတစ်ယောက်ဆီကနေ ခလေးသူငယ်ညစ်ညမ်းကားတွေနဲ့ပြည့်နေတဲ့ မန်မိုရီကတ်ကို ဖမ်းဆီးမိပါတယ် အဲ့ကနေတစ်ဆင့်သူ့ရဲ့အနံ့ခံနိုင်စွမ်းနဲ့ မူလရိုက်ကူးသူတွေကို ဖမ်းဆီးဖို့ ကူညီရပါတော့တယ်။ တစ်ဖက်မှာလည်း နောက်ထပ်ထူးဆန်းတဲ့ခရီးသည် တစ်ဦးနဲ့ ကြုံတွေ့ရပါတယ်။အဲ့ဒီ့ခရီးသည်ဟာလည်း သူမလိုရုပ်ရည်မျိုး ရှိတဲ့အပြင်ထူးထူးဆန်းဆန်း အပြုမှုတွေလည်းပြုမှုတက်ပါတယ်။အဲ့ခရီးသည်နဲ့ ရင်းနှီးသွားတဲ့အချိန်မှာတော့ သူ့ဘဝတစ်ခုလုံးကို ပြောင်းပြန်ဖြစ်စေမဲ့ အကြီးမားဆုံးလျှို့ဝှက်ချက်ကြီးတစ်ခုကိုသိခဲ့ရပါတယ်။သူ့ဘဝတစ်လျှောက်လုံး သူ့မိဘတွေကလိမ်ညာလာခဲ့တဲ့ လျှို့ဝှက်ချက်ပေါ့။ အဲ့ဒါကြောင့်ပဲ သူမမှာ ထူးခြားတဲ့စွမ်းရည်တွေ ရှိနေတာပါတဲ့။ ဒါဆိုအဲ့လျှို့ဝှက်ချက်ကဘာလဲ ….. ? သူမဘာကြောင့်ဒီလိုစွမ်းရည်တွေရှိနေရတာလဲ အဲ့ဒါကိုတော့ ရုပ်ရှင်ထဲမှာပဲ ဆက်လက်ရှု့စားဖို့အကြံပေးလိုက်ရပါတယ်