-
Movie Name
-
Brexit(2019)
-
Year
-
2019
-
Generes
-
Biography
-
Code
-
03594
-
Type
-
Movie
-
Size
-
345 MB
-
Country
-
Hollywood
-
Description
-
2019 ဒီဇင်ဘာထဲမှာ ပူပူနွေးနွေးထွက်ရှိထားတဲ့ Brexit: The Uncivil War ဆိုတဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးချင်ပါတယ် နိုင်ငံရေးဇာတ်ကားတစ်ခုဖြစ်ပြီးတော့ Benedict Cumberbatch ကိုဒီဇာတ်ကားထဲမှာ နိုင်ငံရေးပါတီတွေကို လူထုစည်းရုံးရေးဗျူဟာတွေ ချမှတ်ပေးတဲ့ ထိပ်ပြောင်ပြောင် နိုင်ငံရေးသမားအသွင်မြင်ရမှာဖြစ်ပါတယ် ဗြိတိန်နိုင်ငံရေးဖြစ်ရပ်မှန်ကို အခြေပြုရိုက်ကူးထားတဲ့ဒီရုပ်ရှင်ဟာ လွန်ခဲ့တဲ့ လများက Channel Myanmar မှာတင်ခဲ့တဲ့ the Great Hack ဇာတ်ကားမှာပါဝင်တဲ့ အချက်အလက်များနဲ့ဆက်စပ်မှုတွေရှိပါတယ် … ၂၀၁၆ ခုနှစ်မှာ ပွဲဆူစေခဲ့တဲ့ ဒေါ်နယ်ထရမ့် ရွေးကောက်ပွဲမှာ ငှားရမ်းခဲ့တဲ့ နည်းပညာကုမ္ပဏီ Cambridge Analytica နဲ့ ဆက်စပ်ပတ်သက်မှုတွေ Brexit ဖြစ်လာအောင် အွန်လိုင်းပေါ်ကနေ လှုံ့ဆော်ပေးမှုတွေ ကနေ ပါလီမန်လွှတ်တော်ကိုယ်စားလှယ်တွေ အသတ်ခံရတဲ့အထိဖြစ်လာတဲ့အကြောင်းတွေကို ဖော်ပြရိုက်ကူးထားပါတယ် … ဒီဇာတ်ကားကို နိုင်ငံရေးစိတ်ဝင်စားသူတွေ နည်းပညာစိတ်ဝင်စားသူတွေ နဲ့ လူမှုကွန်ယက် အသုံးပြုသူတွေ ကြည့်သင့်ပါတယ်…မိမိတို့နိုင်ငံလည်း မကြာခင် ရွေးကောက်ပွဲနီးလာပြီဖြစ်တဲ့အတွက် အခြားတိုးတက်ပြီးနိုင်ငံတွေမှာ ဘယ်လိုမျိုး မဲဆွယ်မှုတွေ ပြုလုပ်နေကြသလဲ ဆိုတာ ဒီဇာတ်ကားကိုကြည့်ပြီး ဗဟုသုတရစေနိုင်မှာပါ IMDb – 7/10 နဲ့ rottentomaotoes – 79% ရရှိထားတာပါ…ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Zuel Khant Thwin ပဲဖြစ်ပါတယ်….