-
Movie Name
-
Daniel Isn't Real (2019)
-
Year
-
2019
-
Generes
-
Horror
-
Code
-
03613
-
Type
-
Movie
-
Size
-
340 MB
-
Country
-
Hollywood
-
Description
-
အခုCMပရိသတ်ကြီးတွေအကြိုက်တွေ့စေမယ့် 2019ထွက် လျှို့ဝှက်ဆန်းကြယ်သည်းထိပ်ရင်ဖိုဇာတ်ကားလေးတစ်ကားပါ ဒီဇတ်ကားထဲမှာတော့ Midnight Sunရဲ့မင်းသားချောလေး Patrick Schwarzeneggerပါဝင်ထားပါတယ် ဒီကားထဲကသူ့ရဲ့characterကအရင်ကားတွေနဲ့မတူဘဲ ပုံစံအသစ်အဆန်းတစ်မျိုးလေးနဲ့တွေ့ရမှာပါ မိသားစုမှာမိဘတွေအဆင်မပြေရန်ဖြစ်တဲ့အခါ သားသမီးတွေမှာ အားငယ်ပြီးစိတ်ဒဏ်ရာရတတ်ကြပါတယ် ဇာတ်လမ်းလေးထဲမှာဆိုရင်လည်း လုခ်ဆိုတဲ့ကောင်လေးဟာ မိဘတွေအဆင်မပြေရန်ဖြစ်တာတွေကြောင့် အထီးကျန်အဖော်မဲ့ပြီစိတ်ဒဏ်ရာတွေရခဲ့တယ် တစ်နေ့မိဘတွေရန်ဖြစ်နေတာကို လုခ်ကတွေ့ခဲ့ပြီ တစ်ယောက်ထဲအိမ်ကထွက်လာရင်း ဆိုင်တစ်ဆိုင်မှာ လူသတ်မှုတစ်ခုကိုတွေ့သွားတယ် အဲ့အချိန်မှာပဲ ဒန်နီရယ်ဆိုတဲ့ကောင်လေးကိုပါတစ်ပြိုင်နက်တွေ့ရှိသွားတာပေါ့ တကယ်တော့ဒန်နီရယ်ဟာ သူ့စိတ်ထဲက အထီးကျန်အဖော်မယ့်နေတဲ့အတွက် စိတ်ကူးပုံဖော်ထားတဲ့ သူငယ်ချင်းတစ်ယောက်ပေါ့ လုခ်ကာ ဒန်နီရယ်ကိုအိမ်ခေါ်သွားပြီး ကလေးသဘာဝဆော့ကြတာပေါ့ တစ်နေ့ ဒန်နီရယ်က လုခ်ရဲ့အမေကိုသတ်ဖို့ လုခ်ကိုဒီဆေးတွေတိုက်ရင် လုခ်အမေနေကောင်းသွားမယ်ပြောပြီး တိုက်ခိုင်းခဲ့တယ် လုခ်အမေသောက်လိုက်မိပြီး သေမလိုဖြစ်ပြီးတဲ့နောက်မှာတော့ လုခ်ဟာ ဒန်နီရယ်ကို အရုပ်အိမ်ထဲကို ဝင်ခိုင်းပြီး သော့ခတ်ပစ်လိုက်တာပေါ့ ဒီလိုနဲ့ လုခ် ဆယ်ကျော်သက်အရွယ်ရောက်လာအထိ အနားမှာ ဒန်နီရယ်မရှိတော့ဘူး နောက်ပိုင်းမှာ ဒန်နီရယ် ပြန်ပေါ်လာပြီး လုခ်နဲ့ဘာတွေလုပ်ကြမလဲ လုခ်နောက်ပိုင်းဘယ်လိုမျိုးတွေကြုံတွေ့ရမလဲ ဒန်နီရယ်ကရောနောက်ပိုင်းဘာတွေဖြစ်လာမလဲဆိုတာကို ရင်တဖိုဖိုနဲ့ကြည့်ရှု့ရမယ့် ဇာတ်ကားကောင်းလေးတစ်ကားပါ