Movie Name
En GUERRE (2018)(at War)
Year
2018
Generes
Drama
Code
03621
Type
Movie
Size
2018 MB
Country
Hollywood
Description
ဒီတစ်ခေါက်ကတော့ Channel Myanmarပရိသတ်ကြီးအတွက် ပြင်သစ်ကားကောင်းလေးတစ်ကားဖြစ်တဲ့ At War (2018)ကားလေးကို တင်ဆက်ပေးလိုပါတယ်။ဒီဇာတ်လမ်းလေးကတော့ ပြင်သစ်ကားဖြစ်ပေမယ့် နိုင်ငံတကာစံချိန်မှီစွာပဲရိုက်ကူးထားတဲ့ ကားကောင်းလေးပါ။2018 Cannes Film Festivalရဲ့ဆန်ကာတင်စာရင်းမှာ ပါဝင်နေပါသေးတယ်။ Rotten Tomatoes 64% ရရှိထားပြီးတော့ IMdb 7/10 ရရှိထားပါတယ်။သမာရိုးကျဇာတ်လမ်းတွေနဲ့ ကွဲထွက်နေတဲ့ယခုဇာတ်ကားလေးကို အကျဉ်းရုံးပြီး ပြောပြချင်ပါသေးတယ်။ ဇာတ်လမ်းလေးရဲ့အကျဉ်းကတော့ အလုပ်သမားထုရဲ့ဘဝ အလုပ်သမားထုရဲ့အခွင့်အရေးကိုတင်ပြထားတယ်လို့ပဲပြောရမှာပါပဲ။စက်ရုံတစ်ရုံဟာ အမြတ်အစွန်းတွေလဲ ရနေရဲ့သားနဲ့ ရုတ်တရက် ဈေးကွက်ကိုမထိုးဖောက်နိုင်လို့ဆိုတဲ့အကြောင်းပြချက်နဲ့ ပိတ်ချလိုက်ပါတော့တယ်။ထိုအချိန်မှာ စက်ရုံကိုအားထားနေရတဲ့ အလုပ်သမားပေါင်း၁၁၀၀ခန့်ဟာဒုက္ခတွေရောက်ပါတော့တယ်။အလုပ်သမားတွေဟာ နစ်နာကြေးတွေကိုလဲ လက်မခံပဲစက်ရုံပြန်ဖွင့်ပေးဖို့နဲ့အလုပ်ပြန်လည်ရရှိရေးအတွက် ဆန္ဒပြကြပါတော့တယ်။၁၁၀၀သောအလုပ်သမားများဟာ ဒုက္ခများစွာရင်ဆိုင်ပြီး တတ်နိုင်သမျှ အလုပ်သမားအခွင့်အရေးချိုးဖောက်မှုကိုရင်ဆိုင်ကြပါတော့တယ်။ထိုအလုပ်သမားတွေကို မစ္စတာလောရန့်ဆိုတဲ့ စဉ်းစားနိုင်စွမ်းမြင့်တဲ့ အလုပ်သမားကြီးကဦးဆောင်ပါတယ်။ဒါပေမယ့် သူတို့ကြိုးစားတိုင်းရော အောင်မြင်မှာလား?ဉာဏ်များတဲ့ကုမ္ပဏီခေါင်းဆောင်တွေနဲ့ရောသူတို့ဘယ်လိုရင်ဆိုင်ကြမလဲ?နောက်ဆုံးဘာဖြစ်လာမလဲဆိုတာကို အသဲတစ်ထိတ်ထိတ်နဲ့မပျင်းမရိကြည့်ရှူရမှာပါ။ဒီဇာတ်လမ်းရဲ့ဇာတ်လမ်းတည်ဆောက်ပုံဟာ တမူထူးပါတယ်။အခုလို ထူးခြားပြီးကောင်းမွန်တဲ့ At War (2018) ကားလေးကို Channel Myanmarပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ရပါတယ်။ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Aye Mon Kyaw ပဲဖြစ်ပါတယ်..