-
Movie Name
-
Five Feet Apart (2019)
-
Year
-
2019
-
Generes
-
Drama, Romance
-
Code
-
03625
-
Type
-
Movie
-
Size
-
413 MB
-
Country
-
Hollywood
-
Description
-
သင်တို့သင်တို့သိပ်ချစ်ရတဲ့ ချစ်သူကိုလက်လွှတ်ဆုံးရံှူးရရင်အရမ်းကိုဝမ်းနည်းနေကြမှာလား…သိပ်ကိုဝမ်းနည်းကြမှာပေါ့ … ကိုယ်သိပ်ချစ်ရတဲ့လူပဲလေ…ထပ်မေးချင်တာက သင်တို့ရဲ့ချစ်သူ စိတ်ကောက်နေတဲ့အခါမှာအနားမလာနဲ့ ဖုန်းမဆက်နဲ့လို့ ပြောလိုက်ရင် သင်တို့အရမ်းကို ကမ္ဘာပျက်မတတ်ခံစားကြမှာလား…သိပ်ကိုခံစားကြမယ်ထင်ပါတယ်…ဘာလို့လဲဆိုတော့ သင်တို့ချစ်ရဲ့ချစ်သူကောင်လေးတွေ ကောင်မလေးတွေရဲ့အနားမှာ သင်တို့သိပ်ကိုနေချင်ကြတာကိုး…ဒါပေမယ့် ဒီကားထဲကကောင်လေးနဲ့ ကောင်မလေး နှစ်ယောက်လိုအဖြစ်မျိုးဆိုရင်တော့သင်တို့ဘယ်လိုမှ ခံစားနိုင်မှာမဟုတ်လောက်ပါဘူး….သူတို့လောက်လည်း ချစ်နိုင်မယ်မထင်ပါဘူး…ကားလေးကတော့ ရိုးရိုးလေးနဲ့ ဆယ်ကျော်သက်အရွယ် ရောဂါသည်လူနာလေးနှစ်ယောက်ရဲ့သနားစရာအချစ်ပုံပြင်လေးကို ဇာတ်အိမ်တည်ထားတာပါ….Rating 7.1 အထိရရှိထားတဲ့ ဒီကားလေးထဲမှာတော့riverdaleရဲ့မင်းသားချောလေး cole sprouseပါဝင်သရုပ်ဆောင်ထားပါတယ်cystic fibrosisလို့ခေါ်တဲ့မွေးရာပါမျိုးရိုးဗီဇအရရောဂါရှိတဲ့သူတွေအကြောင်းကိုဒရမ်မာဆန်ဆန်ရိုမန်တစ်ဆန်ဆန်ရိုက်ကူးထားတာပါရောဂါရှိတဲ့သူတွေအချင်းချင်းအနားကပ်ထိတွေ့မိရင်ရောဂါပိုဆိုးရွားလာနိုင်တာကြောင့်တစ်ယောက်နဲ့တစ်ယောက်ခြောက်ပေအကွာမှာနေရမယ်ဆိုတဲ့စည်းမျဉ်းကြီးတစ်ခုရှိပါတယ်(ကားနာမည်ကဘာလို့five feet apartလည်းဆိုတာတော့ဇာတ်လမ်းထဲမှာကြည့်ကြည့်လိုက်ပါနော်😉) ရောဂါရှိတဲ့သူနှစ်ယောက်ဆေးရုံတစ်ရုံထဲမှာတွေ့ပြီးတစ်ယောက်နဲ့တစ်ယောက်ချစ်မိသွားတဲ့အခါ…ကိုယ်ချစ်ရတဲ့သူကိုထိတွေ့ဖို့မပြောနဲ့အနားတောင်ကပ်ခွင့်မရှိတဲ့သူတို့ဘဝလေးနှစ်ခုနောက်ဆုံးမှာအဆုတ်အစားထိုးကုသခွင့်ကိုကောင်မလေးကရလာတဲ့အခါမှာ…ကောင်လေးကိုအသက်တမျှချစ်တဲ့ကောင်မလေးဘာတွေလုပ်မလဲ…ကောင်လေးကရောအသက်ရှင်နိုင်မလားဆိုတာတွေကိုတဝကြီးငိုပြီးကြည့်ရမှာပါ …ဒီကားလေးကိုကြည့်ပြီး သင်တို့လည်း သင်တို့ချစ်သူတွေကို ၆ ပေအကွာမပြောနဲ့ ၁ ပေအကွာမှာတောင်နေလို့ရလား …. သူပျော်နေတာလေးကိုပဲ အဝေးကြီးကနေ ကြည့်နေနိုင်လား…တကယ်လို့ အဲလိုမနေနိုင်ဘူးဆိုရင် အနားမှာရှိတဲ့ချစ်သူကို ချစ်နိုင်တုန်းရတဲ့ အချိန်လေးမှာ ချစ်ကြပါ… ဒီကားလေးကြည့်ပြီး ချစ်တဲ့လူတိုင်းခံစားနိုင်ကြပါစေ