Movie Name
Gloomy Sunday(1999)
Year
1999
Generes
Drama, Romance
Code
03627
Type
Movie
Size
631 MB
Country
Hollywood
Description
IMDb Rating (7.9/10)Rotten Tomatoes (84%) တစ်လောက အင်တာနက်မှာ နာမည်ကျော်သွားတဲ့ ‘Gloomy Sunday’ ဆိုတဲ့ တေးသွားကိုမှတ်မိကြဦးမှာပါ။ အဲ့ဒီသီချင်းနားထောင်မိရင် လူတွေဟာကိုယ့်ကိုယ်ကို သတ်သေကြတယ်ဆိုတဲ့ နာမည်ဆိုးနဲ့ “Hungarian Suicide Song” လို့ကြော်ကြားပါတယ်။ ဒီဇာတ်ကားဟာ အဲ့ဒီနောက်ကွယ်က သီချင်းဖြစ်ပေါ်လာပုံအကြောင်းကို တင်ဆက်ထားတာပါ။ ၁၉၃၀ ဝန်းကျင် ဘူဒါပတ်စ်မြို့မှာ လတ်ဇလိုဆိုတဲ့ စားသောက်ဆိုင်ရှင်တစ်ယောက်ဟာ စန္ဒရားဆရာ အန်ဒရာ့စ်ကို သူ့စားသောက်ဆိုင်မှာ ဖျော်ဖြေဖို့ငှားရမ်းခဲ့ပါတယ်။ သူတို့နှစ်ယောက်လုံးဟာ အီလိုနာ ဆိုတဲ့ မိန်းမလှလေးတစ်ယောက်နဲ့ တစ်ပြိုင်တည်း ချစ်ကျွမ်းဝင်မိရာက အန်ဒရာ့စ်အတွက် ‘Gloomy Sunday’ ဆိုတဲ့သီချင်းမွေးဖွားလာဖို့ စေ့ဆော်မှုဖြစ်လာခဲ့တယ်။ သူ့ သီချင်းကိုကြားဖူးသူတိုင်း သဘောကျ နာမည်ကျော်ကြားလာရာကနေ နောက်ပိုင်းမှာ သတ်သေမှုတွေ နဲ့ ဆက်စပ်နေကြောင်းကို လူတွေ သတိထားမိလာပါတော့တယ်။ သူတို့ရဲ့ သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းထဲကို တတိယ ယောက်ျားတစ်ယောက် ဝင်ရောက်လာပြီး အဲ့ဒီလူဟာ သူတို့အားလုံးရဲ့ ဘဝကို ကောင်းကောင်းခြိမ်းခြောက်နိုင်တဲ့ သြဇာအာဏာ လက်ဝယ်ရထားတဲ့ သူတစ်ယောက်ဖြစ်နေတဲ့အခါ..။ သူတို့ဘဝတွေ အရင်လိုဖြောင့်ဖြူးနိုင်ပါဦးမလား။ သီချင်းဟာ သူတို့လက်တွေ့ဘဝအပေါ် လွှမ်းမိုးမှုရှိလာနိုင်မလားဆိုတာ ဆက်လက်ရှုစားကြပါ။