Movie Name
Head In The Clouds(2004)
Year
2004
Generes
Drama, Romance
Code
03630
Type
Movie
Size
445 MB
Country
Hollywood
Description
ဇာတ်လမ်းလေးကတော့ ၁၉၃၃ခုနှစ် မိုးသည်းညလေးတစ်ညမှာဂယ်ဒါတဲ့ပိုက်ဆံရှိအထက်တန်းလွှာကမိန်းမချောလေးတစ်ယောက်ကမ်းဘရေချ့်တက္ကသိုလ်ဝင်းထဲကိုပြေးဝင်လာရင်းနဲ့ ဂိုက်မယ်လွန်ဆိုတဲ့ကောင်လေးတစ်ယောက်ရဲ့အခန်းမှာဝင်ပုန်းရင်းကနေဒီဇာတ်လမ်းလေးကိုစတင်ခဲ့တယ်ပဲဆိုရမှာပေါ့ဂယ်ဒါကလှသသလို ကောင်လေးတွေကြားမှာလဲ ရေပန်းစားတဲ့သူတစ်ယောက်ပါ။ သူ့ရဲ့ဇာတ်ကြောင်းကခပ်ရှုပ်ရှုပ်ရယ် ဒီလိုကောင်မလေးကိုမှ တစ်ညတာသူ့အခန်းထဲမှာပေးနေမိတဲ့ဂိုက်အတွက်ကတော့ကံကောင်းခြင်းတွေပဲသယ်ဆောင်လာလေသလား တခြားကောဘာတွေဖြစ်နိုင်မလဲဆိုတာကိုတော့အဲ့အချိန်တုန်းကတော့မသိနိုင်ခဲ့ဘူးပေါ့လေနောက်ဂယ်ဒါလန်ဒန်ကနေနှစ်အတော်ကြာအောင်ပျောက်သွားပြီးတဲ့နောက်သူရောက်နေတဲ့ပဲရစ်ကိုလာခဲ့ဖို့ဂိုက်ကိုစာပို့လိုက်တဲ့အခါဂိုက်တစ်ယောက်ဂယ်ဒါနောက်ကိုရရာရထားနဲ့ဆွဲပြီးတော့လိုက်သွားပါလေရောပေါ့အဲ့အချိန်မှာ ဂယ်ဒါကအနုပညာအလုပ်တစ်ခုကိုလုပ်နေပြီးတော့သူ့ကိုကူညီပေးနေတဲ့မီယာဆိုတဲ့ကောင်မလေးတစ်ယောက်လဲသူ့ဘေးနားမှာရှိနေခဲ့ပါတယ်ဂယ်ဒါ ဂိုက် မီယာတို့၃ယောက်ရဲ့ဆက်နွယ်မှုတွေကိုစစ်နောက်ခံထားပြီးတော့ရိုက်ကူးထားတဲ့ဇာတ်ကားလေးပါဇာတ်လမ်းလေးကတစ်မျိုးလေးစိတ်ဝင်စားစရာကောင်းပါတယ် အခုပြောပြထားတာက ဇာတ်လမ်းရဲ့တစ်ဝက်တောင်မရှိသေးပါဘူး Rating6.6 ရထားပီး ဇာတ်ကားနဲပတ်သက်ပီ ဆုတွေလဲရထားတဲ့ ကားလေးလဲဖြစ်ပါတယ်။ဆုရကားလေးမလို့ကြည့်ရှုသင့်ပါကြောင်းထပ်လောင်းပြောကြားပါရစေ။(ဇာတ်လမ်းရဲ့ အညွှန်းနဲ့ ဘာသာပြန်သူကတော့ Charm ပဲဖြစ်ပါတယ်)