Movie Name
Kaew Lom Pheth (စိန်စီထားသော မှန်သားပြင်)
Year
2018
Generes
Drama
Code
ST0075
Type
Series
Size
13.8 GB
Country
Thai
Description
ဇာတ်လမ်းအကျဉ်းကတော့. . . . ဆင်းရဲတဲ့ ရပ်ကွက် အမျိုးသမီးတစ်ယောက်(Pikoon)ဟာ ကိုယ်ဝန် အရင့်အမာကြီးနဲ့ နှိပ်စက်တတ်တဲ့ လောင်းကစား အရက်သမား ယောကျာ်းထံမှ ထွက်ပြေးလာခဲ့ပါတယ် ! ထို့အတူ ချမ်းသာတဲ့ အသိုင်းအဝိုင်း က မိန်းမတစ်ယောက်(Khun.Lada)ကလည်း အ ကြောင်းကိစ္စ တစ်ခုကြောင့် ကိုယ်ဝန်အရင့်အမာကြီးနဲ့ ခရီးထွက်ခဲ့ပါတယ် ! လမ်းမှာ သူတို့နှစ်ယောက်စီးခဲ့တဲ့ ကားတွေ မတော်တဆ မှု ဖြစ်ပီး ကိုယ်ဝန်သည် နှစ်ယောက်လုံး ဆေးရုံ ရောက်ခဲ့ပါတယ် ! ဆေးရုံရောက်တော့ နှစ်ယောက်လုံး ဗိုက်နာပီး က လေး မွေးကြပါတယ်! နှစ်ယောက်လုံး သမီးလေးတွေ ချည်း မွေးဖွားခဲ့ပါတယ်. Khun Ladaဟာ သူမရဲ့သမီးလေးကိုမိသားစုနာမည်ရေးထားတဲ့ခြေချင်းလေးပတ်ထားပေးပါတယ်. ဒါပေမဲ့ သူနာပြုတစ်ယောက်ရဲ့အမှားကြောင့် ကလေးရဲ့နာမည်ကဒ်တွေမှားသွားပါတယ်. Pikoon ဟာ Khun Ladaရဲ့ကလေးကိုသူမကလေး အမှတ်ဖြင့် ယူသွားခဲ့ပေမဲ့ ခြေချင်းလေးကိုတွေ့တော့ ကလေးမှားသွားမှန်းချက်ချင်းသိပါတယ်. ဒါကြောင့် ကလေးပြန်လဲဖို့ ဆေးရုံကိုပြန်သွားခဲ့ပေမဲ့ သူမရဲ့တစ်ကိုယ်ကောင်းဆန်တဲ့စိတ်နဲ့ ကလေးချင်းပြန်မလဲဖြစ်ခဲ့ပါဘူးး. သူမရဲ့သမီးလေးကိုတော့ သူဌေးတွေလက်ထဲထားခဲ့ပီး သူဌေးသမီးလေးအစစ်ကိုတော့ သူမနဲ့အတူခေါ်သွားခဲ့ပါတယ်. Pikoon လဲလှယ် လာခဲ့တဲ့ ကလေးနာမည်က Namphet(Vill) ဖြစ်ပါတယ် ! Khun.Ladaနဲ့ ပါသွားတာတဲ့ ကလေးနာမည်ကတော့ Kaew လို့ခေါ်ပါတယ်။ Namphetဟာ အမေကိုအလွန်ချစ်ပီး လိမ္မာယဉ်ကျေးတဲ့ သမီးတစ်ယောက်ဖြစ်ပါတယ်! အမေစကားကို အလွန်နားထောင်ပီး အမေ့မျက်နှာ မညိုးအောင် အမြဲ အရိပ်အခြေကြည့်တတ်တဲ့ မိန်းကလေးတစ်ယောက်ပါ။ Pikoon သူမတစ်ကိုယ်ကောင်းဆန်ပီးလုပ်ခဲ့တဲ့ အမှားကြောင့် Namphet အပေါ်အားနာစိတ်ဖြစ်ပီး သမီးရင်းလေးလိုပဲ စောင့်ရှောက်ပေးခဲ့ပါတယ်! ကလေးတွေဆီမှာပါလာတဲ့ ဗီဇကိုတော့ ဖျောက်လို့မရဘူးပေါ့ကွယ် ! Kaew ကတော့ ချမ်းသာတဲ့ အိမ်မှာကြီးပြင်းပီးထင်ရာစိုင်း မောက်မာ ရိုင်းစိုင်းတဲ့ မိန်းကလေး တစ်ယောက်ဖြစ်လာပါတယ် ! Namphetဟာ တစ်နေ့ သူမရဲ့ အမေနဲ့ အတူ ဈေးကူရောင်းပေးနေတုံး အမျိုးသမီးကြီးတစ်ယောက် ပိုက်ဆံအိတ် ခါးပိုက်နှိုက်လုတာကို ကာကွယ်ပေးရင်း ဓားထိုးခံထိသွားပါတယ် ! ကံအကြောင်းတိုက်ဆိုင်တော့ Namphet ကူညီပေးခဲ့တဲ့ အမျိုးသမီးဟာ သူမရဲ့ အမေ အရင်း Khun Ladaဖြစ်ပါတယ် ! အကြောင်းကြောင်းနဲ့Khun Lada ဟာ Namတို့တွေ ဒုက္ခ ရောက်တာကို မြင်တော့ ပြန်ကူညီရမယ်ဆိုပီး သူမရဲ့ အိမ်ကို ခေါ်သွားပါတယ်! Pikoon ကလည်း သူမရဲ့ သမီးရင်းလေးကို အနီးကပ် စောင့် ရှောက်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အကူအညီကို လက်ခံပီး လိုက်သွားကြပါတယ်! အဲ့ဒီအိမ်ရောက်တော့ သူမ တွေးထားတာတွေနဲ့ လွဲချော်စွာ သူမရဲ့ သမီးရင်း Kaew ရဲ့ မောက်မာရိုင်းစိုင်းပီး အနိုင် ကျင့်တာကို ခံရပါတယ်! Pikoon ဟာ Nam.ကို အားနာစိတ်နဲ့ စောင့် ရှောက်ခဲ့ပေမဲ့ သမီးအရင်းနဲ့ ပတ်သတ်လာရင်တော့ Nam ကို ဦးစားမပေးတော့ပါဘူးး. . Nam ခမျာ သူ့အမေက Kaew ကို စိတ်ဆိုးအောင် မလုပ်ရဘူး ပြန်မပြောရဘူး ပြန်မလုပ်ရဘူးလို့ မှာထားတဲ့ အတိုင်း Kaew အနိုင် ကျင့် နှိပ်စက်သမျှကို ခံရတော့ပေါ့. PiKoon ဟာ သူမရဲ့ သမီး စာရိတ္တမ ကောင်းပဲNam အပေါ်အနိုင် ကျင့်တာ သိသော်လည်း မသိချင်ယောင်ဆောင် မျက်နှာလွှဲထားတာပါတယ်!. Kaew ကို လူကြီးချင်း သဘောတူထားတဲ့ သူဌေးသား P'Win (Son) ဆိုတာရှိပါတယ်! P'Win ဟာ လူကြီးချင်း သဘောတူထားတဲ့ Kaew'ကို လုံးဝ စိတ်မဝင်စားပဲ Nam ကိုသာ မေတ္တာရှိပါတယ် ! နောက်ပီး Kaewကသူမဟာ သမီးအရင်းမဟုတ်ဘူးလို့သိသွားတဲ့အခါ. .!!! အဲ့အခါ ဆိုးသွမ်းလွန်းတဲ့ Kaew တစ်ယောက် ဘယ်လောက်ထိ ရက်စက်ယုတ်မာဦးမလဲ ဆိုတာ စဉ်းစားကြည့်ပါတော့! !!! နောက်ပီး Pikoon ရဲ့ Nam နဲ့ Kaewအ ပေါ်လွဲမှားစွာ ခွဲခြားဆက်ဆံမှုကြောင့် သံသယတွေ ဝင်လာတဲ့ အိမ်တော်ထိန်းကြီးက Nam ရဲ့ ခြေချင်းလးကိုတွေ့သွားသောအခါ. . . Pikoon တစ်ယောက် ဘယ်အချိန်ထိ တစ်ကိုယ်ကောင်းဆန်ဦးမှာလဲ. . . Khun Lada'ကရော သူမရဲ့ သမီးအရင်းလေးကို ဘဟ်အချိန်မှ သိမှာလဲ. . . အဖြစ်မှန်ကို ဘယ်အချိန်မှ သိကြမှာလဲ. . . P'Win နဲ့ Nam ရဲ့ အချစ်ဇာတ်လမ်းက ရော ဘာတွေ ဖြစ်ဦးမှာလဲ. . . Nam က ရော အဆုံးအထိ ဘယ်လို အန္တရာယ် ဒုက္ခတွေကို ခံစားရဦးမှာလဲ. . . Nam .. P’Win ..Kaewတို့ကြားက သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းကရော ဘယ်လိုဇာတ်သိမ်းမလဲဆိုတာ