Movie Name
Little Joe (2019)
Year
2019
Generes
Drama, Horror
Code
03646
Type
Movie
Size
306 MB
Country
Hollywood
Description
ဒါကတော့ ဇာတ်လမ်းတွေကို သူ့ရဲ့ကိုယ်ပိုင်ဟန်နဲ့ဖန်တီးလေ့ရှိတဲ့ Austrianအမျိုးသမီးဒါရိုက်တာ Jessica Hausnerရဲ့ လက်ရာဇာတ်ကားလေးပါ။ Cannes film festivalရဲ့ မြင့်မားတဲ့ဆုတွေမှာ ဇကာတင်စာရင်းဝင်ထားပြီး ခေါင်းဆောင်မင်းသမီးက Cannes Best Actress Awardရထားပါတယ်။ ဇာတ်လမ်းကတော့ Aliceဆိုတဲ့ singleမေမေ အမျိုးသမီးတစ်ယောက်က အပင်မျိုးစိတ်သစ်တွေကို ဖန်တီးပြီး သူ့အလုပ်ကိုအင်မတန်ရူးသွပ်သူပါ။ လူတွေကိုပျော်ရွှင်စေဖို့ အနံ့အရမ်းကောင်းမွန်အောင်ပြုလုပ်ထားတဲ့ အပင်မျိုးစိတ်သစ်တစ်ခုကို ဖန်တီးအောင်မြင်ပြီးတဲ့နောက် အဲ့အပင်လေးကို သူ့သားJoeရဲ့နာမည်ကိုအစွဲပြုပြီး Little Joeလို့နာမည်ပေးလိုက်တယ်။ ဒါပေမယ့် သူ့ရဲ့လုပ်ဖော်ကိုင်ဖက် ဘယ်လာဆိုတဲ့ အမျိုးသမီးကြီးက Little Joeဟာ လူတွေကိုပျော်ရွှင်စေရုံတင်မဟုတ်ပဲ သူ့ရဲ့ဝတ်မှုန်ဟာလူ့ဦးနှောက်ထဲဝင်သွားပြီး လူတွေကိုအပင်ကလွဲရင် တခြားအရာကိုဂရုမစိုက်အောင်ပြောင်းလဲပစ်နေတယ်လို့ အခိုင်အမာပြောဆိုပါတယ်။ Aliceလည်း အစကမယုံကြည်ပေမယ့် သူ့ရဲ့သားကပါ ထူးထူးဆန်းဆန်းတွေပြုမူလာတဲ့အခါမှာတော့…. ဒီဇာတ်လမ်းမှာ ဒါရိုက်တာရဲ့ဝသီအတိုင်း အရောင်တွေကိုသေချာသုံးထားလို့ Displayတွေလှတယ်။ ဇာတ်လမ်းကို ကိုယ်ပါဝင်ပြီး စဉ်းစားစရာတွေဖြစ်လာတယ်။ ဇာတ်လမ်းပြီးသွားတဲ့နောက်မှာလည်း ဒွဟတွေကျန်ခဲ့တယ်။ လူတော်တော်များများအတွက် ကြောင်တောင်တောင်ကားလို့ ထင်နိုင်တယ်။ လူတိုင်းအကြိုက်ကားမျိုးတော့မဟုတ်ဖူးပေါ့။ နောက်ခံအသံတွေကလည်း သဘောမကျတဲ့သူတွေအတွက် စိတ်အနှောက်အယှက်ဖြစ်နိုင်တယ် အဲ့တာကိုချီးကျုးတဲ့သူတွေကလည်းရှိတယ်။ ဒါရိုက်တာပြချင်တာကို တကယ်ခံစားနိုင်ပြီး ဒီလိုကားတွေကိုသဘောတွေ့သူအတွက်တွေတော့ ကောင်းတဲ့ကားလေးပါ။ ဒီတော့ ကိုယ်တိုင်ပဲ ကြည့်ရှုအကဲဖြတ်ကြည့်လိုက်ပါ။