Movie Name
Midnight In Paris (2011)
Year
2011
Generes
Comedy, Romance
Code
03658
Type
Movie
Size
855 MB
Country
Hollywood
Description
City oF Lightလို့ သမုတ်ကြတဲ့ ပါရီ ပဲရစ်မြို့အကြောင်း…. အဲ့ဒီမြို့ကလေးက ယွင်းယိုပျက်စီးခြင်းမရှိသေးတဲ့ အတိတ်တွေအကြောင်း…အဲ့ဒီမြို့ကလေးက စာရေးဆရာ၊ပန်းချီဆရာ အနုပညာသည်တွေအကြောင်း အဲ့ဒီမြို့ကလေးက ရွေးချယ်မှုတွေအကြောင်း ပြောပြချင်တယ်…. ။ အဲ့ဒီမြို့ကလေးဟာ အောက်ဆုံးဘဝမှာတောင် အပျော်ဆုံးဘဝတစ်ခုတည်နိုင်လေမဲ့ နိဗ္ဗာန်ငယ်လေးတစ်ခု.. နေခြည်အောက်မှာပဲတည်တည် မိုးမှုန်အောက်မှာပဲတည်တည် အဲ့ဒီမြို့ကလေးရဲ့ အလင်းဟာ စကြဝဋ္ဌာထဲ အထင်ရှာဆုံးလို့ ဆိုကြတယ်။ဘာရယ်ကြောင့် ပဲရစ်ဟာ အနုပညာဆန်စွာခမ်းနားနေတာလဲဆိုရင် ပဲရစ်မှာ မွေးဖွားခဲ့ကြတဲ့ အနုပညာတွေကြောင့်လို့ ဖြေမဲ့လူအတော်များလောက်မယ်။ ဗင်းဆင့်ဗန်ဂိုး ပေါဂေါ်ဂင် အားနက်စ်ဟဲမင်းဝေး ပက်ဘလိုပီကာဆို အစရှိသဖြင့် မှတ်ကျောက်အထင်ဆုံးအနုပညာသည်တွေဟာ ဒီမြို့မှာ အကြီးကျယ်ဆုံးအနုပညာပစ္စည်းတွေကို မွေးထုတ်ပေးခဲ့တာလို အရာတွေကြောင့်လို့ ထင်ရင်ထင်လောက်စရာပါပဲ။ ပသို့ပဲထင်ထင်.. ပဲရစ်ဟာ သူ့ချည်းသက်သက်မှာလည်း လမ်းတိုင်း အဆောက်အဦးတိုင်း လမ်းမကျယ်ကြီးတိုင်းက အနုပညာဆန်လွန်းနေပါတယ်။ ” နေ့ရက်၊ အချိန်အခါ၊ နေရာ၊ အဆောက်အဦး အရာဝတ္ထုတို့ဟာ အမှတ်တရတို့ကို သိုလှောင်သိမ်းဆည်းထားနိုင်စွမ်းမရှိဘူးတဲ့” တာရာမင်းဝေရဲ့ ကဗျာအက်ဆေးတစ်ပုဒ်ထဲမှာ ကျွန်တော် ဖတ်ခဲ့ဖူးတယ်။ ဒီ ရုပ်ရှင်မှာတော့…အချိန်အခါ နေရာ အဆောက်အဦးတို့မှာ သိုလှောင်သိမ်းဆည်းထားတဲ့ မသေဆုံးတတ်တဲ့ အတိတ်အမှတ်တရတို့ကို ချစ်မြတ်တဲ့လူတစ်ယောက်နဲ့ သူ့ရွေးချယ်မှုတို့အကြောင်း သူ့အနုပညာအကြောင်းကို ကျွန်တော်တို့ ခံစားကြရမှာပါ။IMDb Rating – 7.7/10 ရရှိထားပါတယ်။(အညွှန်းနဲ့ဘာသာပြန်သူကတော့ WiRa Aung ဖြစ်ပါတယ်)