-
Movie Name
-
Notting Hill(1999)
-
Year
-
2019
-
Generes
-
Comedy, Drama, Romance
-
Code
-
03663
-
Type
-
Movie
-
Size
-
325 MB
-
Country
-
Hollywood
-
Description
-
လန်ဒန်မြို့ရှိ Notting Hill ဆိုတဲ့ မြို့လေးမှာ ဝီလီယမ် တတ်ကာ ဆိုတဲ့ လူငယ်လေးတစ်ယောက်က ခရီးသွားစာပေတွေရောင်းတဲ့ စာအုပ်ဆိုင်လေးဖွင့်ထားတယ်… စာအုပ်ရောင်းသမားတစ်ယောက်ရဲ့ ဘ၀ဟာ သိပ်ကိုရိုးစင်းတယ်…စာအုပ်တွေဖတ်တယ်… ဝယ်သူတွေကို စာအုပ်တွေအကြောင်းညွှန်းတယ်…ငွေကြေးချမ်းသာမှုတွေ မပိုင်ဆိုင်ပေမယ့် သူပိုင်ဆိုင်တဲ့ဘ၀ကိုကျေနပ်နေလေတော့ ဘ၀ဟာလှပနေလေရဲ့… တစ်နေ့တော့ သူ့ဆိုင်ကို ဟောလိဝုဒ်ရဲ့ နာမည်ကျော်မင်းသမီး အန်နာစကော့ တစ်ယောက်စာအုပ်လာ ဝယ်တယ်… ဒီမင်းသမီးကို အပြင်မှာဗြုန်းခနဲမြင်လိုက်ရပေမယ့် ဘယ်သူလဲဆိုတာ ခန့်မှန်းမိဖို့ စာအုပ်ရောင်းသမားလေးအတွက် အချိန်သိပ်မယူလိုက်ရပါဘူး… မင်းသမီးဆိုင်က ထွက်သွားပြီး သူလည်း ဈေးဝယ်စရာရှိလို့ ထွက်လာခဲ့တယ်… တိုက်ဆိုင်တာပဲလားမသိ..သူနဲ့ မင်းသမီး အန်နာစကော့နဲ့ လမ်းတစ်ဆစ်ချိုးမှာ ဝင်တိုက်မိတယ်…. ဒီလို ဝင်တိုက်မှုဟာ စာအုပ်ရောင်းသမားလေးအတွက်တော့ ဘဝတစ်ဆစ်ချိုးပြောင်းလဲမှုပါပဲ… ဒီရုပ်ရှင်ဇာတ်လမ်းဟာ နာမည်ကျော်စာအုပ်ကိုပြန်ရိုက်ထားတာဖြစ်သလို Golden Globe မှာ ဆန်ကာတင်စာရင်း(၃)ဆုဝင်ခဲ့သလို အခြားဆုပေါင်း (၁၁)ဆုလည်း ရခဲ့တယ်…၁၉၉၉ခုနှစ်က ရုပ်ရှင်ဆိုပေမယ့် မင်းသား Hugh Grantနဲ့ မင်းသမီးJulia Roberts တို့ရဲ့ သရုပ်ဆောင်ဟန်တွေ ဇာတ်လမ်းဇာတ်ကွက်တွေ ကြည့်နေရင်းနဲ့ကို ရင်ခုန်ကြည်နူးစိတ်လှုပ်ရှားရပါတယ်…. ခံစားကြည့်ကြပါဥ◌ီး ….ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Theint Theint Aung ပဲဖြစ်ပါတယ်….. မှတ်ချက် FA များအတွက်လည်း ခံစားရင်ခုန်ဖို့ အဆင်ပြေပါတယ်… File Size :(2.17GB) (950 MB) and (358 MB) Quality : Blu-Ray 1080p 5.1 CH, Blu-Ray 720p Format…mp4 Duration…02:04:00 Genre : Comedy , Drama, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Theint Theint Aung Encoded by Phyo Pyae