Movie Name
Oddball (2015)
Year
2015
Generes
Adventure, Fantasy
Code
03664
Type
Movie
Size
239 MB
Country
Hollywood
Description
Oddball and the Penguins (2015) မြန်မာစာတမ်းထိုး ဒီ Famliy type ပုံစံ ဇာတ်ကားလေးကတော့ တိရစ္ဆာန်ချစ်သူအတွက်ရော ကလေးတွေအပြင် မိသားစုဝင်တွေ ကောင်းကောင်း သဘောတွေ့မယ် ဇာတ်လမ်းလေးပါ ဇာတ်လမ်းလေးရဲ့အကြောင်းအရာက ပင်ကွင်းပုံပြင်လေးကို အခြေခံထားတဲ့ ဝါနာဘိုကျွန်းလေးထဲက မိသားစုအကြောင်းလေးပါပဲ ဝါနာဘိုကျွန်းလေးမှာတော့ မြို့ဆီကို ကံကောင်းခြင်းတွေယူဆောင်လာတဲ့ ပင်ကွင်းလေးတွေက မြေခွေးတွေရန်ကြောင့် အကောင်ရေနည်းသွားတယ်ပေါ့ ကျန်နေတဲ့ အကောင်ရေအတွက်ကို ကွယ်လွန်သွားပြီးဖြစ်တဲ့ သူမအမေ ဆန္ဒအတိုင်း ဖြည့်ဆည်းတဲ့အနေနဲ့ အမ်မလီကတော့ ဘေးမဲ့တောကို ထိန်းသိမ်းရင်း ပင်ကွင်း အကောင်ရေ ၁၀ ကောင်အောင် မလျော့ဖို့ ကြိုးစားနေရသူပါ အမ်မလီရဲ့အဖေ ဆွမ်ပီကတော့ သူရဲ့ခြံထဲမှာ တိရစ္ဆာန်တွေနဲ့အတူ အော့ဘောဆိုတဲ့ သိုးခွေးလေးတွေနဲ့ အချိန်ကုန်ဆုံးပါတယ် အော့ဘောလေးကို သိပ်ချစ်တဲ့နောက်တစ်ယောက်ကတော့ အိုလီဗီယာပါ ဒါ့အပြင် အမ်မလီရဲ့ ရည်းစားအသစ် ဘရက်ဒလီက အိုလီဗီယာနဲ့ ရင်နှီးအောင်ကြိုးစားနေရသလို ဝါနာဘိုမြို့လေးရဲ့ အလယ်ကျွန်းမှာ ဝေလငါးပြတိုက်ဆောက်ရဖို့ ကြိုးပမ်းနေသူလဲ ဟုတ်ပါတယ် အော့ဘောလေး မြို့ထဲမှာ သောင်းကျန်းမိလို့ စောင့်ရှောက်ရေးကျောင်းကိုပို့ဖို့ အချိန်အကန့်သတ်ပေးထားနေတဲ့အတ်င်းမှာ ဆွမ်ပီတစ်ယောက် ဒဏ်ရာရနေတဲ့ ပင်ကွင်းသေးသေးလေးတစ်ကောက်ကို တွေ့မိရော ဒီပင်ကွင်းလေးကို ကျွန်းပေါ်မှာပြန်ထားပြီ မြေခွေးတွေရန်ကနေ လွတ်အောင် အောေ့ဘာကို အစောင့်အဖြစ်ထားရင် အော့ဘောလေးလဲ စောင့်ရှောက်ရေးကျောင်းမှာ အထိန်းသမ်းမခံရတော့ဘူးလေ ဒါက သူ့သမီးအမ်မလီအလုပ်အတွက်လည်း အထောက်အကူပြုတော့ သူ့သမီးနဲ့သူ့ကြား အချစ်တိုးစေမယ်လို့ ယူဆလို့ပါပဲ ဒါပေမယ့် ပင်ကွင်းအရေအတွက်၁၀ကောင်အောက် မရောက်ရောက်အောင်လုပ်နေတဲ့လူလဲရှိပါတယ် ဒါကို ဖော်ထုတ်ရင်းနဲ့ ဆွမ်ပီနဲ့ သူ့သမီးအမ်မလီရဲ့ ဆက်ဆံရေး ဘရက်ဒလီနဲ့အမ်မလီဆက်ဆံရေးတွေဟာ ဘယ်လိုအဆုံးသတ်မလဲ အော့ဘောလေးကရော စောင့်ရှောက်ရေးကျောင်းကို အပို့ခံရလေးမလား ဘေးမဲ့တောနဲ့ ပင်ကွင်းလေးတွေကရော ပျောက်ကွယ်သွားမှာလားဆိုတာတွေတော့ စိတ်ဝင်စားစရာပါပဲ Family typeဆိုတဲ့အတိုင်း ဒီဇာတ်ကားလေးကတော့ ဂရုဏာတွေ အချစ်တွေနဲ့ပြည့်နှက်နေတာမို့ မိသားစုမှာဖြစ်တတ်တဲ့ အငြင်းပွားမှုတွေကို ဖြေရှင်းရတာတွေလည်းပါတာမို့ ဇာတ်လမ်း အဆုံးထိကြည့်သင့်ပါတယ်