Movie Name
How It Ends (2018)
Year
2018
Generes
Action, Sci-Fi
Code
01032
Type
Movie
Size
863 MB
Country
Hollywood
Description
ဒီတစ်ခေါက်တော့ CM ပရိသတ်ကြီးအတွက် Netflix ကတင်ဆက်ပေးလိုက်တဲ့ Sci-Fi ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းလေးနာမည်ကတော့ How it ends (2018)ပါ။ဒီဇာတ်လမ်းလေးဟာ သဲထိတ်ရင်ဖိုကားတွေကိုမျှော်လင့်နေတဲ့ ပရိသတ်ကြီးအတွက်တော့ အရမ်းကိုအကြိုက်တွေ့စေမယ့်ကားလေးပါ။နာမည်ကျော်မင်းသားကြီး Forest Whitakerရဲ့သဘာဝကျကျသရုပ်ဆောင်မှုတွေရယ်၊ ထူးဆန်းတဲ့ဇာတ်လမ်းကျောရိုးရယ် ကြောင့်ဇာတ်လမ်းအဆုံးအထိဆွဲခေါ်သွားနိုင်မှာမလွဲမသွေပါပဲ။ဒီဇာတ်လမ်းလေးရဲ့အကျဉ်းကတော့…. ဥပဒေအကျိုးတော်ဆောင်ဖြစ်တဲ့ ဝီလ်တစ်ယောက် သူနဲ့ဆက်ဆံရေးသိပ်မပြေလည်လှတဲ့ ယောက္ခမလောင်းဖြစ်သူ တွမ်ဆီကို သမီးတောင်းဖို့ တစ်ကိုယ်တည်းခရီးထွက်လာခဲ့ပါတော့တယ်။ယောက္ခမလောင်းမိသားစုနဲ့ အဆင်မပြေဖြစ်ပြီး အိမ်ကိုပြန်အလာမှာ ထူးဆန်းတာတွေဖြစ်ပေါ်လာခဲ့ပါတော့တယ်။သူ့ကောင်မလေးဖြစ်သူဆမ်နေထိုင်ရာဆီးယက်တဲလ်မှာတစ်ခုခုတော့ဖြစ်နေပြီလို့သိကာ အပြေးအလွှားပြန်ပေမယ့် လျှပ်စစ်ဓာတ်အားလိုင်းတွေပြတ်တောက် ဆက်သွယ်ရေးလိုင်းတွေပြတ်တောက်ကာ လေယာဉ်တွေလဲမထွက်တော့ပါဘူး။အဲ့ဒီအခါမှာသူ့နဲ့ဆက်ဆံရေးမပြေလည်တဲ့စစ်သားဟောင်းယောက္ခမဖြစ်သူနဲ့ သူ့ကောင်မလေးဆီကိုခရီးနှင်ပါတော့တယ်…အစစအရာရာပြတ်တောက်သွားတဲ့အခြေအနေတစ်ခုမှာ သူတို့နှစ်ယောက်ရောအောင်မြင်ပါ့မလား?ဒီလိုရုတ်တရက်ဖြစ်လာတာတွေကဘာကြောင့်လဲ?မိုင်ပေါင်းထောင်သောင်းချီတဲ့ခရီးလမ်းတစ်ခုမှာဘာတွေတွေ့ကြုံရဦးမှာလဲ? စတဲ့မေးခွန်းပေါင်းများစွာနဲ့ဇာတ်လမ်းအဆုံးထိဆွဲခေါ်သွားနိုင်မယ့်ဇာတ်လမ်းလေးပါလို့ပဲညွှန်းလိုက်ပါရစေ။