Movie Name
P S I Love You (2007)
Year
2007
Generes
Romance
Code
03669
Type
Movie
Size
453 MB
Country
Hollywood
Description
စိတ်တွေမှာ ဆုံးဖြတ်ချက်တွေမှာ ဘဝတွေမှာ ရွေးစရာ လမ်းနှစ်ခုအမြဲရှိတတ်ပါတယ်။ အသိညဏ်ရဲ့လမ်းနဲ့ ခံစားချက်ရဲ့လမ်းပါ။ ခံစားချက်လမ်းပေါ်လျှောက်ရင်း ဘဝမှာ မမြင်ရတဲ့ကြိုးတွေနဲ့ ဘယ်ရွေ့ဘယ်မျှအထိ ချည်နှောင်ဖူးကြပါသလဲ.. ကျွန်တော်တို့ချစ်ပါတယ်ဆိုတဲ့ တစ်ဦးတစ်ယောက်အတွက်ရော ကိုယ့်ကိုယ်ကိုယ်ပါ မေ့သွားတဲ့အထိရော ဖြစ်ဖူးကြပါသလား။ ရှင်သန်နေတုန်းမှာ ရယူလိုမှုတစ်စုံတစ်ရာအတွက်ပဲဖြစ်ဖြစ် နတ္ထိဖြစ်တည်မှုတို့ရဲ့ဖြည့်ဆည်းရာအတွက်ပဲဖြစ်ဖြစ် လူတစ်ယောက်ကိုချစ်ရတာ သိပ်ကိုလွယ်ပါတယ်… သို့ပေမဲ့ ကိုယ်ဆိုတာ ဒီကမ္ဘာမြေမှာမရှိတော့တဲ့နောက် လူတစ်ယောက်ကိုဆက်ချစ်နိုင်ဖို့ကတော့ မဖြစ်နိုင်သလောက်ပါပဲ။ ဒီပုံပြင်လေးကတော့ ကိုယ်ဆိုတာမရှိတော့တဲ့အလွန်မှာတောင် ဆက်ပြီးချစ်နိုင်ခဲ့သေးတဲ့လူတစ်ယောက်အကြောင်းပါ။ ဒီအချစ်ဇာတ်လမ်းကလေးရဲ့ မြစ်ဖျားခံရာကတော့ အိုင်ယာလန်က ကျယ်ပြောလှတဲ့ပန်းခြံတစ်ခုမှာပါပဲ။ ဂယ်ရီဆိုတဲ့ အိုင်ယာလန်သားလေးနဲ့ ဟော်လီဆိုတဲ့ လမ်းပျောက်နေတဲ့အမရိကသူလေးရဲ့ မြင်မြင်ချင်းအချစ်တစ်ခုကနေစခဲ့တယ်ပေါ့။သူတို့ရဲ့ အတူတူဘဝကလေးကတော့ အိပ်မက်ခဲ့သလောက်တော့ မခမ်းနားခဲ့ပါဘူး။ အခမ်းနားဆုံးတွေမရခဲ့ရတဲ့ဒေါသတွေနဲ့တောင် သူတို့ရဲ့အချစ်က လှပနေသေးတယ်ဆိုရင် အဲ့ဒီလူနှစ်ယောက်ဟာ တစ်ယောက်ကိုတစ်ယောက် ရူးသွပ်ညဏ်ကင်းစွာ ချစ်ခဲ့ကြလို့လို့ဆိုပါမယ်။ သူတို့နှစ်ယောက်ဟာ ဒီလိုတစ်ယောက်ကိုတစ်ယောက် ရူးသွပ်ခဲ့ကြတဲ့ချစ်သူတွေ ဖြစ်ခဲ့ကြပါတယ်။ ဒီလိုနဲ့…ဂယ်ရီပြောသလိုပဲ အမြဲပြောင်းလဲနေတတ်တဲ့ ဘဝမှာ အပြောင်းအလဲတစ်ခုဖြစ်လာပြီး ဂယ်ရီမရှိတော့တဲ့အခါ…. ဟော်လီရှေ့မဆက်နိုင်တော့တဲ့အခါ… ဟော်လီရှေ့ဆက်နိုင်ဖို့ ဂယ်ရီဘာတွေများ လုပ်ပေးခဲ့သလဲဆိုတာကိုတော့………။စာကြွင်း… အချစ်တတ်ကြဆုံး လူတွေအကြောင်း သင်ယူပြီး ပိုချစ်တတ်လာနိုင်ကြပါစေ။