-
Movie Name
-
Paradise Hills (2019)
-
Year
-
2019
-
Generes
-
Fantasy, Sci-Fi
-
Code
-
03672
-
Type
-
Movie
-
Size
-
887 MB
-
Country
-
Hollywood
-
Description
-
အရာအားလုံး နေသားတကျလှပနေတဲ့ နေရာလေးတစ်ခု… နတ်ဘုံနတ်နန်းလို့တောင် တင်စားလို့ရတဲ့ ဒီနေရာလေးနာမည်က သုခဘုံတဲ့။ ဒီသုခဘုံက ပင်လယ်ကြီးရဲ့အလည်ကျွန်းတစ်ခုမှာ သီးခြားကမ္ဘာလေးတစ်ခုလိုတည်ရှိနေတာပါ ပြင်ပကမ္ဘာက မလိမ္မာတဲ့ အဆင်မပြေတဲ့ ကလေးတွေကို ဒီသုခဘုံကိုမိဘတွေကပိုက်ဆံများများပေးကာပို့ကြပါတယ်။ ထူးဆန်းတာက ဒီသုခဘုံကိုရောက်တဲ့ မိန်းကလေးတိုင်း မိဘတွေလိုချင်သလို နှစ်လအတွင်းဖြစ်သွားကြတာပါပဲ။ တစ်နေ့မှာတော့မိဘပေးစားတဲ့သူနဲ့မယူချင်လို့ ကလန်ကဆန်လုပ်နေတဲ့ မိန်းကလေး အူမာဟာလဲ ဒီသုခဘုံကို ရောက်လာခဲ့ပါတော့တယ်။ အရာအားလုံးပြီးပြည့်စုံတဲ့ဒီသုခဘုံရဲ့နောက်ကွယ်က အကြောင်းအရာတွေကို တဖြည်းဖြည်းသိလာတဲ့အခါ… အူမာတစ်ယောက်ဘာတွေဆက်လုပ်မလဲ? သုခဘုံကရော ဘာတွေဖြစ်နေတာလဲ? စတဲ့မေးခွန်းတွေနဲ့အဆုံးထိ စိတ်ဝင်တစားကြည့်ရှုရမယ့်ကားလေးရဲ့နာမည်ကတော့ Paradise Hills (2019)ပါ။ နာမည်ကြီးမင်းသမီးတွေဖြစ်တဲ့ Emma Roberts, Milla Jovovich စတဲ့မင်းသမီးတွေပါဝင်ပြီး ဇာတ်လမ်းဇာတ်အိမ်ထူးခြားတဲ့ ဒီကားလေးကတော့ Imdb Rating 6.3/10 Rotten Tomatoes 63%ရရှိထားပါတယ်။ စိတ်လှုပ်ရှားစရာကားကောင်းကောင်းလေးတွေမျှော်လင့်နေတဲ့ ပရိသတ်ကြီးအတွက် ဒီဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ရပါတယ်