Movie Name
Peaceful Warrior (2006)
Year
2006
Generes
Sport
Code
03674
Type
Movie
Size
979 MB
Country
Hollywood
Description
နေ့စဉ်ရုန်းကန်နေရတဲ့ ကျွန်တော်တို့ အဖို့ ဒီလောကကြီးထဲမှာ အကြိမ်ပေါင်းများစွာ လဲပြိုကျဖူးတယ်…အဖတ်ဆည်မရအောင်ယိုယွင်းနေတဲ့ စိတ်ဓာတွေနဲ့ အတူ အရာအားလုံးဟာ အကျဉ်းတန်ပြီး ရှင်သန်ခြင်းဟာအဓိပ္ပါယ်မဲ့သလိုတောင်ဖြစ်ဖူးတဲ့သူတွေအများကြီးပါ…. ကျွန်တော်တို့အားလုံး လဲပြိုခဲ့ဖူးကြတယ်..အကြိမ်အရေအတွက် အနည်းနဲ့အများပဲကွာတယ်…ဒီနေရာမှာ မေးစရာရှိတာက ခင်ဗျားတို့ ကျွန်တော်တို့ ရည်မှန်းချက်ကိုတည့်မတ်စွာပြန်လည်ရရှိဖို့အကြိမ်ရေဘယ်လောက်များကြိုးစားခဲ့ဖူးကြသလဲ….. Dan Millman ဟာဆိုရင် talent ရှိတဲ့ ကျွမ်းဘားအားကစားသမားတစ်ယောက်ဖြစ်ပြီး အုံလံပစ်ပြိုင်ပွဲဝင်ဖို့ကြိုးစားနေတဲ့ စိတ်ဓာတ်ပျင်းထန်တဲ့ လူငယ်လေးတစ်ယောက်ပေါ့…တစ်ခြားသူတွေထက်ကြိုးစားသလို ပါရမီလည်းပါလေတော့ သူ့အတွက် အိုလံပစ်နဲ့ ဆုတံဆိပ်တွေဟာလက်တစ်ကမ်းအလိုမှာရှိနေတယ်…သို့ပေမယ့်သူကံမကောင်းခဲ့ဘူး…..သူဟာဆိုင်ကယ်မတော်တဆမှုဖြစ်ပြီး သူ့ခြေထောက်တစ်ဖက်စတီးချောင်းထည့်လိုက်ရတဲ့အထိဖြစ်သွားတယ်…..ဆရာဝန်တွေကော နည်းပြကပါ ဘယ်တော့မှအားကစားပြန်လုပ်ဖို့ မဖြစ်နိုင်တော့ဘူးလို့ လက်လျှော့ခံလိုက်ရတဲ့ Danဟာအပေါ်က ကျွန်တော်ပြောခဲ့သလိုပဲ အသက်ရှင်သန်ရခြင်းဟာ အဓိပ္ပါယ်မဲ့တဲ့ဘဝရာက်သွားတယ်…သို့ပေမယ်…. သူဟာ အဘိုးကြီးတစ်ယောက်နဲ့ တွေ့ဆုံပြီးနောက်ပိုင်းမှာတော့….ဒီကားက ရည်ရွယ်ချက်အရမ်းကောင်းသလိုအသက်အပိုင်းအခြားမရွေး ကြည့်သင့်တဲ့စွန်ဓာတ်ခွန်အားပေး ဇာတ်ကားတစ်ကားပါ…ဒီကားထဲက စိတ်ဓာကျနေတဲ့သူတစ်ယောက်နဲ့ အားပေးဖော်တွေ ပန်ဝန်းကျင်က အသံတွေကိုအားလုံးကိုကြည့်ပြီး ခင်ဗျားလည်း တစ်ခုခုရနိုင်ကောင်းပါရဲ့….ကိုင်း ခံစားကြည့်လိုက်ပါဦး…ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Yoon Wah Wah Theint ပဲဖြစ်ပါတယ်…