Movie Name
Ride Like A Girl(2019)
Year
2019
Generes
Biography, Sport
Code
03679
Type
Movie
Size
901 MB
Country
Hollywood
Description
“မင်းက ခေါင်းခွံရိုးလည်း ကျိုးထားတယ်၊ ခါးလည်းထိထားတယ်၊ တံတောင် ၂ ဖက်လုံးရော လည်ပင်းရော မကောင်းတော့ဘူး။ မင်းကိုယ်ထဲမှာ အကောင်းအတိုင်း ကျန်တာ ဘာရှိသေးလို့လဲ” “ကျွန်မရဲ့ နိုင်အောင်ပြိုင်နိုင်စွမ်းပေါ့” ဒီရုပ်ရှင်က ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားတာပါ။ မစ်ချယ်ပိန်းဟာ မလ်ဘန်းဖလား မြင်းပြိုင်ပွဲမှာ ၁၅၅ နှစ်အတွင်း ပထမဆုံး အမျိုးသမီး ချန်ပီယံ ဖြစ်ခဲ့တဲ့သူပါပဲ။ မလ်ဘန်းဖလားဟာ အမျိုးသမီး ဂျော်ကီဝင်ပြိုင်ခွင့်ရတာ ရှားပါးသလို အဆင့် ၁၀ အတွင်းဝင်ဖို့တောင် မရှိသလောက်ပါပဲ။ မြင်းပြိုင်ပွဲတွေဟာ ကမ္ဘာ့အန္တရာယ်အများဆုံး အားကစားထဲမှာ ပါဝင်ပါတယ်။ မြင်းဆိုတာ ဖြေးဖြေးမှန်မှန်စီးနေရင်တောင် အန္တရာယ်မကင်းတဲ့အရာဖြစ်တာမို့ ဇက်ကုန်ဖွင့်ပြီး စီးနေတဲ့အချိန်မှာ ပြိုင်ကားမောင်းတာထက်တောင် အန္တရာယ်များနိုင်ပါတယ်။ မစ်ချယ်ဟာ ကလေးဘဝကတည်းက ဂျော်ကီအဖြစ်ပဲ အသက်မွေးဖို့ ဆုံးဖြတ်ခဲ့သူဖြစ်ပြီး၊ ပြိုင်ပွဲတစ်ခုမှာ အပြင်းအထန် ပြုတ်ကျခဲ့လို့ အကြာကြီးအနားယူခဲ့ရပြီးမှာ တစ်ကြော့ပြန် ပြိုင်ပွဲဝင်ခဲ့သူပါ။ ဒီရုပ်ရှင်ကတော့ မစ်ချယ်ပိန်းတို့ရဲ့ မြင်းထရိန်နာတွေ ဂျော်ကီတွေ ပြည်နှက်နေတဲ့ မိသားစုအကြောင်း၊ မစ်ချယ်ပိန်းနဲ့ နာမည်ကျော် မြင်းထရိန်နာဖြစ်လာတဲ့ သူ့ရဲ့အစ်ကို ဒေါင်းရောဂါသည် စတီဗီပိန်းတို့ရဲ့ အောင်မြင်မှုဆီ လမ်းကြောင်းကို ပြသထားတာပဲဖြစ်ပါတယ်။ ဖြစ်ရပ်မှန်ကြိုက်တဲ့သူတွေ စိတ်ဓာတ်အင်အားရချင်တဲ့သူတွေအတွက်တော့ ရုပ်ရှင်ကောင်းတစ်ခုပါပဲ။ဇာတ်လမ်းအညွန်းနဲ့ ဘာသာပြန်သူကတော့ Littleneo ပဲဖြစ်ပါတယ်….