Movie Name
Rock Star (2001)
Year
2001
Generes
Drama
Code
03680
Type
Movie
Size
400 MB
Country
Hollywood
Description
ဂီတနဲ့ပတ်သက်တဲ့ ဇာတ်ကားကောင်းတွေကြည့်ရှုချင်တဲ့ပရိသတ်တွေအတွက် 2001 ခုနှစ်တုန်းက မင်းသား Mark Wahlberg ပါဝင်ရိုက်ကူးထားတဲ့ Rock Star ဆိုတဲ့ ဇာတ်ကားလေးတင်ဆက်ပေးလိုက်ပါတယ်…ဒီဇာတ်ကားဟာ မြန်မာနိုင်ငံက လေးဖြူ အငဲ ဇော်ဝင်းထွဋ် စတဲ့ မက်ဂါစတားကြီးတွေတစ်ခါက သူတို့သီချင်းတွေကို သီဆိုခဲ့ဖူးတဲ့ Judas Priest တီးဝိုင်းရဲ့ ဖြစ်ရပ်မှန်ကို လျော့တိလျော့ရဲ မရေမရာ အခြေခံထားတယ်လို့ ဆိုပါတယ်…ရော့ခ် ပရိတ်သတ်တွေ လက်မလွှတ်သင့်တဲ့ ဇာတ်လမ်းမျိုးပါ… ဇာတ်လမ်းအကျဉ်းလေးကတော့…ခရစ် ဆိုတဲ့ ဟဲဗီးရော့ခ်တွေကို ရူးသွပ်တဲ့လူငယ်လေးတစ်ယောက်ဟာ Steel Dragon ဆိုတဲ့တီးဝိုင်းကို အရမ်း ကြိုက်နှစ်သက်ပြီး အဆိုတော်ရဲ့ အဝတ်အစားတွေ ဟန်ပန်တွေ သီချင်းဆိုဟန်တွေကအစ အားလုံးအလွတ်ရတဲ့အထိ ရူးသွပ်တဲ့သူတစ်ယောက်ပေါ့.. ..သူ့မှာ Steel Dragon တို့ရဲ့သီချင်းတွေ ကာဗာဆိုတဲ့ ကိုယ်ပိုင်တီးဝိုင်းလေးတစ်ခုတောင်ရှိတယ်….တစ်နေ့တော့ သူ့တီးဝိုင်းဟာ ကာဗာသီချင်းတွေမဆိုချင်တော့တဲ့အခါ သူနဲ့ ခွာပြဲပြီး သူ့တီးဝိုင်းကသူ့ကိုကန်ထုတ်လိုက်ချိန်မှာ ကံအားလျော်စွာပဲ သူရူးသွပ်တဲ့ Steel dragon က အဆိုတော်သစ်ရှာနေချိန်ဖြစ်နေပါတယ်….သူ Steel Dragon ကိုရောက်သွားနိုင်ပါ့မလား….Steel Dragon ရဲ့ အဆိုသမားဖြစ်လာနိုင်ပါ့မလားပရိသတ်ကြီးကိုယ်တိုင် အားပေးကြည့်ရှုတော်မူကြပါIMDb ကတော့ 6.2/10 ရရှိထားပါတယ်