Movie Name
Rust Creek (2018)
Year
2018
Generes
Crime, Drama
Code
03685
Type
Movie
Size
932 MB
Country
Hollywood
Description
CM ပရိတ်သတ်ကြီးအတွက် ဒီတစ်ခါတင်ဆက်ပေးမှာကတော့ Rust Creek ဆိုတဲ့ကားလေးပါ စောရာဆိုတဲ့ကောင်မလေးက မိဘတွေရဲ့အဝေး မြို့တစ်မြို့မှာ ကောလိပ်တက်နေတာပါ။ တစ်နေ့ သူကအလုပ်အင်တာဗျူးတစ်ခု ဇြေို့အရွေးခံရတဲ့အတွက် ဝါရှင်တန်ဒီစီကို သွားဖို့အကြောင်းပေါ်လာပါတယ်။ ဒါပေမဲ့ အဝေးပြေလမ်းကြီးမှာ ယာဉ်လမ်းအချိန်းအပြောင်းရှိလို့ တောလမ်းကသွားဖို့ ရေဒီယိုက သတင်းကိုကြားပြီး သူဟာ တစ်ခုမှမသွားဖူးတဲ့လမ်းကို GPS အားကိုးနဲ့တစ်ယောက်ထဲ ကားမောင်းလာခဲ့ပါတယ်။ GPS ထုံးစံအတိုင်း တောထဲလဲရောက်ရော လမ်းပျောက်ပါလေရောပေါ့။ အဲဒါနဲ့ ကားရပ်ပြီး မြေပုံထုတ်ကြည့်နေတုန်း အနားကိုလူ ၂ ယောက်ရောက်ရော။ ပထမတော့အဲ့လူတွေက ကူညီပေးမလိုနဲ့ နောက်ပိုင်းကျ အကြမ်းဖက်လာပါတော့တယ်။ စောရာလဲ သူတို့နဲ့တိုက်ခိုက်ပြီး တောထဲဝင်ပြေးရတော့တာပေါ့။ ဒီလူတွေက စောရာကိုဘာအတွက်တိုက်ခိုက်တာလဲ။ ဒီတောကြီးထဲမှာ ဒဏ်ရာရနေတဲ့ စောရာတစ်ယောက် အသက်ရှင်အောင်ရုန်းကန်နိုင်မှာလား။ စောရာကို ကယ်တင်မဲ့လူရောပေါ်လာမှာလား။ နောက်ကွယ်မှာရော ဘယ်လိုကိစ္စတွေရှိနေသလဲဆိုတာကတော့စိတ်ဝင်စားစွာနဲ့ကြည့်လိုက်ရအောင်…..