-
Movie Name
-
See You Soon(2019)
-
Year
-
2019
-
Generes
-
Drama, Romance
-
Code
-
03686
-
Type
-
Movie
-
Size
-
1 GB
-
Country
-
Hollywood
-
Description
-
ရိုမတ်တစ်ဇာတ်ကားတွေကိုကြိုက်နှစ်သက်တဲ့ CMပရိသတ်တွေအကြိုက်တွေ့မယ့်ဇာတ်ကားကောင်းလေးတစ်ကားပါ ဇာတ်ကားလေးကဘောလုံးသမားတစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေးကိုရိုက်ကူးထားတဲ့ကားလေးပါ ကမ္ဘာကျော်ဘောလုံးသမားတစ်ယောက်ဖြစ်တဲ့ရိုင်ယန်ဟော့စ်နဲ့ ရုရှားသူလေးလာနာတို့ရဲ့အချစ်ဇာတ်လမ်းလေးပါ လာနာကအိမ်ထောင်ရှိတဲ့သူတစ်ယောက်ဖြစ်ပြီးတော့ သူမမှာဒန်နီဆိုတဲ့သားလေးတစ်ယောက်ရှိတယ် လာနာက သူမယောကျာ်းနဲ့အဆင်မပြေဖြစ်ပြီး မကွာရှင်းရသေးဘဲ သားလေးအတူခွဲနေခဲ့တယ် လာနာဟာအပျော်စီးသင်္ဘောပေါ်မှာအလုပ်လုပ်ရင်း ဟော့စ်နဲ့တွေ့ဆုံခဲ့တယ် ဟော့စ်မှာကစိတ်ညစ်စရာကိစ္စတွေရှိနေတော့ သင်္ဘောပေါ်ကဘားမှာအရက်သောက်ရင်းနဲ့ လာနာနဲ့တွေ့ဆုံပြီးရင်းနှီးခဲ့ကြတယ် ဟော့စ်မှာစေ့စပ်ထားတဲ့သူရှိနေတဲ့အတွက် လာနာကသူတို့နှစ်ယောက်မဖြစ်နိုင်မှန်းသိပေမယ့် ဟော့စ်ကိုချစ်မိသွားခဲ့တယ် နောက်ပိုင်းဟော့စ်ကို လာနာကသူမဟာလက်ထက်ထားတုန်း မကွာရှင်းရသေးတဲ့သူတစ်ယောက်ဆိုတာကိုဖွင့်ပြောပြခဲ့တယ် ဟော့စ်ကတော့ဒါတွေကိုဘာမှစိတ်မဝင်စားဘဲလာနာကိုဆက်ချစ်နေခဲ့တယ် သူတို့နှစ်ယောက်ခွဲခွာဖို့အကြောင်းဖန်လာခဲ့တယ် သူတို့နှစ်ယောက်ကတကယ်ဖူးစာပါတဲ့သူတွေလား ဖူးစာပါရင်ညားတယ်ဆိုတဲ့အတိုင်း တကယ်ပဲသူတို့နှစ်ယောက်ပေါင်းဖက်နိုင်မလား သူတို့နှစ်ယောက်ကိုကံကြမ္မာကဘယ်လိုတွေ့ဆုံပေးမှာလဲဆိုတာ ဇာတ်ကားလေးကိုကြည့်ရှု့လိုက်ပါနော် (PS. ရုရှားလိုပြောတာတွေကိုတော့ မြန်မာလိုမပြန်ထားပါဘူးနော် အင်္ဂလိပ်စာတန်းလေးကတခါတည်းထိုးပေးထားလို့ပါနော်