Movie Name
The Boy Who Harnessed The Wind (2019)
Year
2019
Generes
Drama
Code
03699
Type
Movie
Size
1.03 GB
Country
Hollywood
Description
Channel Myanmar ပရိသတ်ကြီးအတွက် ဒီတစ်ခေါက် ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုပါတယ်။ဇာတ်လမ်းလေးနာမည်ကတော့ The Boy Who Harnessed The Wind(2019)ပါ။Rating တွေအနေနဲ့လဲ မြင့်မားပြီး အပြင်မှာ တကယ်ရှိတဲ့ ဝီလီယမ် ကန်ကွမ်ဘာဆိုတဲ့ ကောင်လေးအကြောင်းကိုရိုက်ကူးထားတဲ့ ဒီကားလေးဟာ ဆွဲဆောင်မှုရှိရှိနဲ့ ဇာတ်လမ်းအဆုံးထိကိုဆွဲခေါ်သွားနိုင်မှာပါ။ကြည်နူးပီတိဖြစ်ရင်း အလိုမကျဒေါသထွက်ရင်း စိတ်ခွန်အားတွေပါပေးစွမ်းနိုင်တဲ့ ဒီကားလေးက Imdb Rating 7.6/10 Rotten Tomatoes 86%ရရှိထားပါတယ်။ဇာတ်လမ်းအကျဉ်းချုပ်လေးကိုလဲ တင်ပြလိုပါသေးတယ်။ တစ်ခါတစ်ရံမှာ တကယ့်အဖြစ်အပျက်တွေဟာ ပုံပြင်တွေထက် ဆန်းကျယ်တယ်ဆိုတာ တကယ်ပါပဲ။ထို့အတူပါပဲ။ဒီဇာတ်လမ်းလေးမှာ တက်မရှိလက်နဲ့လှော်မယ်ဆိုတဲ့ထုံး နှလုံးမူထားတဲ့၁၃နှစ်အရွယ်ကောင်လေး ဝီလီယမ် ကန်ကွမ်ဘာ ဟာ Wimbeဆိုတဲ့ရွာလေးတစ်ရွာမှာနေတဲ့ ကလေးလေးတစ်ယောက်ပါ။မိဘတွေရဲ့မပြည့်စုံမှုကြောင့် ကျောင်းလခအကျေမပေးသွင်းလို့ကျောင်းတစ်ပိုင်းတစ်စနဲ့ကျောင်းထွက်ခဲ့ရပါတယ်။တစ်နေ့သူတို့ရွာမှာ ရာသီဥတုဖောက်ပြန်ကာ အငတ်ဘေးဆိုက်ကိန်းကြုံပါတော့တယ်။မဲရရှိရေးသာစိတ်ဝင်စားတဲ့အစိုးရကလဲ မသိချင်ယောင်ဆောင်မျက်နှာလွှဲနေခဲ့ပါတယ်။ဝီလီယမ် တစ်ယောက်ကတော့ သူ့ဆရာရဲ့စက်ဘီးက မီးသီးခွက်လေးကိုကြည့်ကာ အကြံရသွားပါတော့တယ်။ရသွားတဲ့အကြံပေါ်မူတည်ရင်း ကျောင်းစာကြည့်တိုက်ထဲကိုခိုးဝင်ကာ စာတွေဖတ်ပြီး ရွာလေးကိုကယ်တင်ဖို့ကြိုးစားပါတော့တယ်။၁၃နှစ်အရွယ်ကောင်လေးတစ်ယောက်က ဘယ်လိုများလုပ်ပေးနိုင်မှာလဲ?သူဘယ်လိုစွန့်စားကာ ကြိုးစားခဲ့သလဲ?သူဖြစ်ချင်ခဲ့သလိုတွေရော ဖြစ်လာပါ့မလား?စတဲ့မေးခွန်းပေါင်းများစွာကို အာဖရိကရဲ့အလှအပတွေခံစားရင်း စိတ်ဓာတ်ခွန်အားတွေ ရယူကာ ကြည့်ရှူရမယ့်ကားလေးဖြစ်ပါတယ်…