-
Movie Name
-
The Man From Earth (2007)
-
Year
-
2007
-
Generes
-
Fantasy, Sci-Fi
-
Code
-
03709
-
Type
-
Movie
-
Size
-
811 MB
-
Country
-
Hollywood
-
Description
-
ဒီဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင်ကတော့ John Oldmanလို့ခေါ်တဲ့ ပါမောက္ခတစ်ယောက်… ကျောက်ခေတ်ဦးကနေ ယနေ့ခေတ်ထိ နှစ်တွေသန်းနဲ့ချီရှင်သန်နေတဲ့ လူတစ်ယောက်အကြောင်းပါ။ သူက ကျောက်လက်နက်တွေနဲ့ အမဲလိုက်ဖူးတဲ့ လူ…. သူက ဗုဒ္ဓနဲ့ တွေ့ဖူးတဲ့လူ…. သူကိုယ်တိုင်ကို ယေရှု့လို့သတ်မှတ်ခံရဖူးခဲ့တဲ့လူ ဗင်းဆင့်ဗန်ဂိုးရဲ့ သူငယ်ချင်းဖြစ်ဖူးတဲ့လူ…. ပညာရပ်အဖုံဖုံရဲ့ ပါမောက္ခဖြစ်ဖူးတဲ့လူ… သူချစ်တဲ့လူတွေရဲ့ သေဆုံးခြင်းကို ရင်နင့်ကြေကွဲဖူးတဲ့လူ… သမိုင်းဖြတ်သန်းမှု အဆက်ဆက်ထဲမှာ စီးမျောဖူးတဲ့လူ..။ ဒီရုပ်ရှင်မှာ သူ့ရဲ့ အတွေးအခေါ်တွေကို မြင်ရမှာပါ။ မှန်သည်မှားသည်ကတော့ ကိုယ်တိုင်ပဲချင့်ချိန်ကြပါ။ ဒီဇာတ်လမ်းဟာ သူ အလုပ်ထွက်ပြီး ထွက်သွားမဲ့အချိန်မှာ သူငယ်ချင်း ပါမောက္ခတွေနဲ့ အနုပညာ ချစ်ခြင်းမေတ္တာ ရှင်သန်ရပ်တည်မှု ဘာသာရေးစသဖြင့် အကြောင်းအရာအစုံကို ဆွေးနွေးခဲ့ကြတဲ့ ညတစ်ညအကြောင်းပါပဲ….။ လူူသားတစ်ယောက်ဟာ သက်တမ်းအနေနဲ့ သက္ကရာဇ်တွေ ဘယ်ရွေ့ဘယ်မျှပဲရရ ဒီကမ္ဘာပေါ်က မြေမှုန်တစ်ပွင့်ထက် မပိုခဲ့ပါဘူး။သူ့ အသက် ၁၄၀၀၀ နဲ့တောင်မှပဲပေါ့… အသိတရားတွေလည်း အများကြီး မရခဲ့ပါဘူး။ “ဒုက္ခနဲ့တစ်ခါ ရင်ဆိုင်တွေ့တိုင်း ချစ်သူ လက်ကလေး တစ်ခါကိုင်ချင်တယ်”ဆိုတဲ့ အိုမာခယမ် ကဗျာကလေးလို လူတွေမှာတွယ်တာရာ ရည်ရွယ်ရာတွေနဲ့ လောကဓံတွေကို ရင်ဆိုင်နေကြရတာ များပါတယ်။ အချိန်တွေ အကြာကြီး ရှင်သန်ရင်း… ဆုံးရှုံးခဲ့ရတာတွေသိပ်များလာတဲ့အခါမှာ “ဆုံးရှုုံးကြရမဲ့အတူတူတော့ ဘာတွေကိုများ အများကြီး ဆုပ်ကိုင်ထားကြဦးမလဲ” တွေးမိကြမှာပေမဲ့ တက်နိုင်သရွေ့တော့ တွယ်ညှိနေကြဦးမှာပါ လူတွေဟာ အမှန်တရားထက်ပိုပြီး ထိုက်တန်ကြပါတယ်တဲ့…. ဒီရုပ်ရှင်ဟာ ဘယ်လိုမှ ယုတ္တိမဆန်ပါဘူး။ ဒါပေမဲ့လည်း ကျွန်တော်တို့ နှစ်သက်တဲ့ ရုပ်ရှင်တစ်ကားရဲ့ ဇာတ်လမ်းဟာ အဖြစ်မှန် အကြောင်းအရာ ဘယ်ရွေ့ဘယ်မျှ ပါတယ်ဆိုတာနဲ့ အဲ့ဒီရုပ်ရှင်ကို တိုင်းတာလို့မရပါဘူး။တစ်ခါတလေမှာ အမှန်တရားဆိုတာ စနစ်တကျတည်ဆောက်ထားတဲ့ အလိမ်အညာတစ်ခု ဖြစ်နေတတ်ပါတယ်။ အမှန်တရားဆိုတာ တစ်ခါတလေမှာ ရသ ဆန်ဖို့လိုပါတယ် သမိုင်းသက္ကရာဇ်နဲ့ အမြင်တွေမှာ ဘာတွေရေးထိုးထားလဲ ဆိုတာတွေထက် ကိုယ့်နှလုံးသားနဲ့ အံဝင်ခွင်ကျမဲ့ အယူတစ်ခုကို တိုင်းတာ ခံယူတတ်ရပါတယ်။ ဒီရုပ်ရှင်က ဘာတွေပေးမလဲဆိုရင်တော့ အရာရာဟာ ယူသလိုပဲ ရပါတယ်။(အညွှန်းနဲ့ဘာသာပြန်သူကတော့ WiRa Aung ဖြစ်ပါတယ်)