Movie Name
The Wife (2017)
Year
2017
Generes
Drama
Code
03716
Type
Movie
Size
948 MB
Country
Hollywood
Description
The Wife(2017) IMDB 7.3,,,,Rotten….84%ဒီကားက ကားသစ်ဆိုပေမယ့် တော်တော်နဲ့မလုပ်ဖြစ်ဘူး…ဘာလို့လဲဆိုတော့ ရုပ်ရှင်ပိုစတာက ဆံနွယ်တွေဖြူလွှပြီး ပါးရည်တွေတွန့်နေတဲ့အဘိုးကြီးအဘွားကြီးပုံဖြစ်တော့ ဆွဲဆောင်မှုအားနည်းနေတဲ့အပြင် ရုပ်ရှင်ရဲ့ နာမည်ကလည်း The wife ဆိုတော့ရုပ်ရှင်ကားပါအကြောင်းအရာများဟာ ဘောင်ခေတ်ထားတဲ့ ဇာတ်ကားကြီးလို့ ခံစားမိတယ်…သို့ပေမယ့် ဒီနှစ်အော်စကာဆန်ကာတင်စာရင်းရဲ့ အကောင်းဆုံးမင်းသမီးရွေးချယ်ယာထားတဲ့သူတွေထဲမှာဒီကားရဲ့ အဓိက မင်းသမီးကြီး Glenn Close ပါလာလေတော့ မဖြစ်မနေလုပ်ရတော့တယ်…IMDb နဲ့ RT ကလည်း ကြွရွနေတယ်….တစ်ကယ်တော့ ဒီကားမျိုးက အညွှန်းရေးလို့ တော်တော်ကြီးကို မဖြစ်တဲ့ကားမျိုးပါ… မရေးတတ်ရေးတတ်နဲ့ဖွဲ့စည်းထားတဲ့ ဝါကျ(၃)လေးကြောင်းအောက်မှာအော်စကာ ဆန်ကာတင်စာရင်းဝင်ခဲ့တဲ့ ဇာတ်ကားကြီးဟာ ပေါ့ပျက်ပျက်ဖြစ်သွားနိုင်သလိုဒီလိုကားကောင်းကိုကြိုက်တဲ့သူတို့အဖို့ ထဆဲချင်စိတ်ပေါက်သွားစေနိုင်လို့ပါ..…တစ်ချို့သူတွေအတွက် ဒီကားဟာ ဘာကားကြီးမှန်းလဲ မသိဘူးလို့ ရေရွတ်ကောင်းရေရွတ်လိမ့်မယ် …ဒါပေမယ့် တစ်ချို့သူတွေအတွက် ဒီကားက ခင်ဗျားတို့ကို ကျောက်ရုပ်တစ်ရုပ်လိုမျိုးဖြစ်အောင် ဆွဲဆောင်နိုင်စွမ်းရှိတယ်…ပြောတဲ့ ဒိုင်ယာလော့တွေ ….သရုပ်ဆောင်တွေ …ဇတ်လမ်းအချိတ်အဆက်တွေကလည်း တကယ်ကောင်းပါတယ်..ဒီကားနဲ့ပတ်သက်ပြီး ပြောပြလို့ရတာနည်းနည်းတော့ရှိတယ်….လင်မယား(၂)ယောက်ရှိတယ်…ယောင်္ကျားက စာရေးဆရာ..တစ်နေ့တော့ မနက်အစောကြီးဖုန်းဆက်လာတယ်…ခင်ဗျားရေးတဲ့စာအုပ်ကြောင့် နိုဘယ်ဆု ရပါတယ်..ဒါ့ကြောင့် ဆွီဒင်က စတော့ဟုမ်းမြို့ကို ဆုယူဖို့ကြွခဲ့ပါတဲ့…ကိုင်း ဘာကြောင့် ဒီကားကို The wife လို့ခေါင်းစဉ်တပ်တာလဲ…ဘာဖြစ်လို့ အဘိုးအဘွားကြီးကိုမှ ရွေးချယ်ရိုက်ကူးရတာလဲ…မင်းသမီးကြီးကရော ဘယ်လောက်များသရုပ်ဆောင်ကောင်းလို့ အော်စကာဆန်ကာတင်စာရင်း ဝင်တာလဲဆိုတာတွေကိုတော့ခံစားကြည့်လိုက်ပါဦးဗျို့….ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Tin Myo Lwin ပဲဖြစ်ပါတယ်…