Movie Name
The Sleepingless Princess (ညနက်လရဲ့ ကျိန်စာ )
Year
2020
Generes
Comedy, Historical, Romance
Code
SC0214
Type
Series
Size
11.9 GB
Country
China
Description
The Sleepless Princess(2020) (ညနက်လရဲ့ကျိန်စာ) မင်းသမီးရွှီချူးယွဲ့ နဲ့ စစ်သူကြီးရွှဲယောက်တို့ ဘယ်လိုချစ်ကြိုက်သွားမလဲ ကြည့်မဲ့သူတွေ Upသွားကျပါ🤩😊 အပိုင်း1 To 35 စ/ဆုံး ရပါပြီ ဇာတ်လမ်းအညွှန်း❤️ နန်ဆန်းပြည်ရဲ့ ၉ယောက်မြောက်မင်းသမီး(မင်းသမီး၉) ရွှီချူးယွဲ့ဟာ ငယ်ကတည်းက အိပ်မရတဲ့ရောဂါခံစားနေရပါသတဲ့။ ဒါကြောင့် မင်းသမီးလေးရွှီချူးယွဲ့ဟာ ညညဆိုမအိပ်ဘဲ အမြဲလိုလို ညလုံးပေါက်နိုးပြီး နန်းတော်ထဲမှာတစ်ခုမဟုတ် တစ်ခုလျှောက်လုပ်နေသတဲ့။ ဒီလိုနဲ့ ညနက်သန်းခေါင်မှာ မင်းသမီး၉ကို တွေ့မိကြတဲ့ နန်းတွင်းသူနန်းတွင်းသားအားလုံးဟာ မင်းသမီးကို မကောင်းဆိုးဝါးလို့ထင်မိကြပြီး လန့်ကုန်ကြသတဲ့။ နန်းတော်တွင်းက အရာရှိမှူးမတ်တွေဟာ ဒီရောဂါကို သက်သာပျောက်ကင်းချင်ရင် တိုင်းပြည်အတွင်းက သာမာန်ယောက်ျားလေးတစ်ယောက်နဲ့လက်ထပ်ပြီး ယတြာချေပစ်ရမယ်လို့အဆိုပြုကြတယ်။ ဒီလိုနဲ့ မင်းသမီး၉ ရွှီချူးယွဲ့ဟာ ငယ်ရွယ်တဲ့ရွှဲစစ်သူကြီး ရွှဲယောက်နဲ့လက်ထပ်ရဖို့ဖြစ်သွားခဲ့ပါတယ်။ ရွှဲယောက်ဟာ ငယ်ရွယ်ပေမယ့် ဉာဏ်ထက်ပြီး အရည်အချင်းရှိတဲ့သူတစ်ယောက်ဖြစ်နေပါတယ်။ ရွှီချူးယွဲ့က ကလေးဆန်ပြီးချစ်စရာကောင်းသလောက် ရွှဲယောက်ကတော့ ရင့်ကျက်တည်ကြည်ပြီး လူကြီးလူကောင်းတစ်ယောက်ဖြစ်နေပါသတဲ့။ ဒီလိုနဲ့ မတည့်အတူနေဖြစ်နေတဲ့ သူတို့နှစ်ယောက်ကြားမှာ ဖြစ်ပေါ်လာတဲ့ အချစ် အမုန်း ခံစားချက်အားလုံးအပြင် ဟာသဆန်တဲ့သူတို့နှစ်ယောက်ကြားက အဖြစ်အပျက်လေးကို ဒီဇာတ်ကားထဲမှာ ကြည့်ရှုခံစားရမှာပါ။ ရွှဲယောက်နဲ့လက်ထပ်ပြီးတော့ ရွှီချူးယွဲ့ရဲ့ညအိပ်မရတဲ့ရောဂါဟာ လည်း တကယ်ကိုပျောက်ကင်းသွားခဲ့ပါတယ်။ ဒါကရော ဘာအကြောင်းကြောင့်ဖြစ်ရတာလဲ? ရွှီချူးယွဲ့ ညညဆို အိပ်မက်ဆိုးမက်ပြီး အိပ်မရတဲ့အကြောင်းရင်းက ရွှဲယောက်နဲ့သက်ဆိုင်နေမလား? ရွှီချူးယွဲ့နဲ့ရွှဲယောက် ကြားမှာရှိနေတဲ့ အတိတ်က သူတို့နှစ်ယောက်ရဲ့လျို့ဝှက်ဆန်းကြယ်ပတ်သက်မှုကြောင့် ဒီဇာတ်လမ်းလေးရဲ့ အစဖြစ်ပေါ်လာပုံကို စောင့်မျှော်ကြည့်ရှုလိုက်ရအောင်ပါ အဓိကဇာတ်ဆောင်မင်းသားကတော့ Soul ကနေ တင်ဆက်ခဲ့တဲ့An Oriental Odyssey(အရှေ့တိုင်းရဲ့အိုဒစ်ဆီး)နဲ့ Love of Thousand years(ချစ်တတ်လွန်းတဲ့ရွှေမင်းသမီး)ကားထဲက အားလုံးရဲ့အသည်းတုံးမင်းသားဖြစ်ခဲ့တဲ့ ဖုကျိုယွင် (နာမည်ရင်း Zheng Ye Cheng) ဖြစ်ပါတယ်။ အဓိကဇာတ်ဆောင်မင်းသမီးကလည်း Soul ကနေ မကြာသေးမီက တင်ဆက်ပြီးစီးသွားခဲ့တဲ့ My dear Destiny(ပြုစားတတ်တဲ့ချစ်ကဝေ) ဇာတ်လမ်းထဲက မင်းသမီးလေး ချိုးချင်းလီ(နာမည်ရင်း Hu Yi Xuan ) ဖြစ်ပါတယ်။ ဇာတ်ဆောင်နာမည်တွေမြင်တာနဲ့တင် မဖြစ်မနေကြည့်သင့်တဲ့ကားမဟုတ်မဟုတ် သေချာသွားပြီ ဟုတ်? စုစုပေါင်း အပိုင်း ၃၅ ပိုင်းပဲပါရှိမှာဖြစ်ပါတယ်