Movie Name
There Is No Place Like Home (2019)
Year
2019
Generes
Comedy, Drama, Romance
Code
03718
Type
Movie
Size
851 MB
Country
Hollywood
Description
There Is No Place Like Home(2019) There is no place like home (2018) ဆိုတဲ့ အီတလီ Romance, Drama ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားလေးက မိသားစုပြန်လည်တွေ့ဆုံကြတဲ့ ပီယက်ထရိုနဲ့ အယ်လ်ဘာတို့ရဲ့ ရွှေရတု မင်္ဂလာပွဲအကြောင်းကို ရိုက်ကူးထားတာပါ။ သူတို့နေတဲ့ ကျွန်းလေးပေါ်မှာ မင်္ဂလာပွဲကို ကျင်းပခဲ့ပြီး မိသားစုစုံစုံညီညီ ပျော်ပျော်ပါးပါး အောင်အောင်မြင်မြင်ပြီးဆုံးသွားပါတယ်။ ဒါပေမဲ့ ဧည့်သည်မိသားစုတွေ ပြန်ချိန်ရောက်တဲ့အခါမှာ ပင်လယ်မှာ လေထန်နေလို့ မပြန်နိုင်ဖြစ်ပြီး နောက်တစ်ရက်ထပ်နေရပါတယ်။ အဲဒီအချိန်မှာ မိသားစုတစ်ခုချင်းစီက အချစ်ကိုလိုသူတွေ၊ အချစ်ပိုနေသူတွေ၊ အချစ်သစ်ရှာတွေသူတွေ၊ အချစ်ကို တစ်ဖန် ဖန်တီးသူတွေ၊ အချစ်အကြောင်းကိုနားလည်သွားသူတွေရဲ့ အကြောင်းကို ပြပေးထားတာပါ။ ဘဝထဲကအချစ်တွေအကြောင်း ဖြစ်ပြီး စိတ်ကူးယဉ်ဆန်စရာ ကောင်းတဲ့အချစ်အကြောင်းမဟုတ်လို့ သဘာဝကျကျ အချစ်ဇာတ်ကားလေးတစ်ကားလို့ ပြောလို့ရပါတယ်။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ May Tharaphi Lwin ပဲဖြစ်ပါတယ်…