Movie Name
Tracks (2013)
Year
2013
Generes
Biography, Drama
Code
03724
Type
Movie
Size
901 MB
Country
Hollywood
Description
ဒီတစ်ခါ မိတ်ဆက်ပေးချင်တဲ့ ဇာတ်ကားကတော့ ၂၀၁၃ ခုနှစ်မှာ ထွက်ခဲ့တဲ့ ဩစတေးခလျ Drama ကားကောင်းလေး တစ်ကားပါ နာမည်ကတော့ Tracks ပါ ဒီကားလေးကိုတော့ ရော်ဘင်ဒေးဗစ်ဆန်ရဲ့ ဩစတေးလျသဲကန္တာရကို ကုလားအုတ်တွေနဲ့အတူ ၉ လကြာ ခရီးသွားခဲ့တဲ့အကြောင်း ရေးထားတဲ့ စာအုပ်ကို မှီငြမ်းပြီး ရိုက်ကူးထားတာ ဖြစ်ပါတယ် သူ ဒီခရီးကို မစတင်ခင် ကြိုတင်ပြင်ဆင်ခဲ့ရတဲ့အပိုင်းမှာ သူ့ကိုယ်ပိုင် ကုလားအုတ်တွေရဖို့ သူကိုယ်တိုင် ကြိုးစားခဲ့တာတွေကို ပြပေးထားတဲ့အပြင် တကယ်ခရီးသွားတဲ့အခါမှာ ကြုံတွေ့ရတာတွေကိုလည်း သေချာရိုက်ပြထားပါတယ် သူခရီးသွားတဲ့အချိန်မှာ အရွယ်ရောက်ပြီးသား ကုလားအုတ် ၃ ကောင် ကုလားအုတ်ပေါက် ၁ ကောင် နဲ့ သူ့ရဲ့ သစ္စာရှိခွေးလေးနဲ့အတူ သွားခဲ့တာပါ သူ့ကို ခရီးစရိတ်ရဖို့ National Geographic က ဓာတ်ပုံဆရာ ရစ်က စပွန်ဆာရအောင် လုပ်ပေးခဲ့တာပါ သူတို့ လမ်းခရီးမှာ ဘာတွေ ကြုံရတယ်ဆိုတာကို ရိုက်ပြထားတာက ကိုယ်တကယ်ပဲ အဲဒီခရီးကို လိုက်ပါရသလို မြင်တွေ့ခံစားရတာမို့ လက်မလွတ်တမ်း ကြည့်သင့်တဲ့ ဇာတ်ကားလေးလို့ ညွှန်းပေးချင်ပါတယ်