-
Movie Name
-
W.E (2011)
-
Year
-
2011
-
Generes
-
Drama, Romance
-
Code
-
03731
-
Type
-
Movie
-
Size
-
594 MB
-
Country
-
Hollywood
-
Description
-
W.E 2011 ကမ္ဘာဦးစတည်လာကထဲက ဖြေရခက်တဲ့ပုစ္ဆာရှိတယ်
ယောက်ျားလေးတွေက ပိုချစ်တာလား မိန်းကလေးတွေကပဲ ပိုချစ်တတ်တာလား
ကြားဖူးတာလေးတစ်ခု ပြောရမယ်ဆို ယောက်ျားလေးတွေက အချစ်ဦးကိုအချစ်ဆုံး
မိန်းကလေးတွေက လက်ရှိချစ်သူကိုအချစ်ဆုံးတဲ့
ဒီပုစ္ဆာဟာ အခုထိအဖြေရှာဖို့ခက်ခဲနေဆဲ…
ဒီကားရဲ့ ဇာတ်လမ်းအကျဉ်းက အင်္ဂလန်ထီးမွေနန်းမွေဆက်ခံရတဲ့ အက်ဒွပ်၈ ဟာ
သာမာန်အမေရိကန်သူ လက်ရှိ အိမ်ထောင်လဲရှိနေတဲ့ မိန်းမတစ်ယောက်ကိုချစ်မိရာက
ထီးနန်းကိုပါစွန့်လွှတ်လိုက်တဲ့အကြောင်းပါ
တစ်ကမ္ဘာလုံးက မင်းသားဟာ အချစ်သူရဲကောင်းကြီး လို့သတ်မှတ်ကြပြီး
ဝေါ်လစ်ကိုတော့ လူဆိုးမကြီးအဖြစ် သတ်မှတ်ကြပါတယ်
ဒီဖြစ်ရပ်မှာ ဘယ်သူကဘယ်သူ့ကို ပိုချစ်တာလဲ
လူတိုင်းက မင်းသားဒေးဗစ်က ဝေါ်လစ်ကြောင့်ထီးနန်း စွန့်ပစ်ခဲ့တာပဲမြင်ကြပါတယ်
ဝေါ်လစ်ကရော ဘာတွေစတေးလိုက်လဲ???
ဒါကိုမသိကျိုး နွံပြုထားပါတယ်…
ဒီဖြစ်ရပ်တွေအပြီးတော်တော်ကြာတဲ့အခါ
ဝေါ်လစ်နဲ့ နာမည်ဆင်တူ ဝေါ်လီဟာ ဒီတိမ်မြုပ်နေတဲ့အမှန်တရားကို ဖော်ထုတ်ဖို့ကြိုးစားပါတယ်
ဝေါ်လီကိုယ်တိုင်ကလဲ မသာ ယာတဲ့အိမ်ထောင်ရေးကိုခံစားနေရတဲ့အခါ
သူ့စိတ်ကူးထဲ ကကြင်ယာတော် ဝေါ်လီဟာ ထွက်ပေါ်လာပြီး
သူ့ဘဝကို ပြောပြဟန် ဇာတ်လမ်းလေး ဆင်ထားပါတယ်
ကမ္ဘာ့ လူဆိုးမကြီးရဲ့ဘဝကို ရိုက်ပြထားတဲ့ ဒီကားမှာ
ဘယ်သူက ပိုချစ်တတ်လဲ ဆိုတဲ့ အဖြေရှာတွေ့နိုင်ကြမယ်လို့်မျှော်လင့်ပါတယ်.