Movie Name
My Tee
Year
2018
Generes
Comedy, Drama
Code
ST0081
Type
Series
Size
3.14 GB
Country
Thai
Description
ကဲ ဒီတစ်ခါတော့ အားလုံးပဲသိချင်နေကြမယ်လို့ ယူဆရတဲ့ new cast တွေထဲက မင်းသားချောလေး တစ်ယောက်နဲ့ မိတ်ဆက်ပေးပါ့မယ်။Trailer လေးလည်း ကြည့်ပြီးကြလောက်ပြီဆိုတော့ admin မိတ်ဆက်ပေးမှာက Sotus S ထဲမှာ hazor team နဲ့ အတိုက်အခံ ဖြစ်လာမယ်လို့ ယူဆရတယ့် ဇာတ်ကောင်လေးပဲ ဖြစ်ပါတယ်။ သူ့ကို Fiat လို့ခေါ်ကြပါတယ်။ နာမည်အရင်းက Pattadon Janngeon ဖြစ်ပေမယ့် Fiat Pattadon လို့ လူသိများပါတယ်။ Fiat ကို အောက်တိုဘာ 22 1996 ခုနှစ်မှာ မွေးဖွားခဲ့ပါတယ်။အသက် 22နှစ်ရှိပြီ ဖြစ်တဲ့ Fiatဟာ အင်္ဂါသားဖြစ်ပြီး တူရာသီဖွားဆိုလည်း မမှားပါဘူး။ O သွေးအမျိုးအစားကို ပိုင်ဆိုင်ထားသူဖြစ်ပြီး အရပ်အမြင့် 170 cm နဲ့ ကိုယ်အလေးချိန် 58 kg ပါ။ သူ့ရဲ့ talents တွေကတော့ သီချင်းဆိုတာ ကတာ နဲ့ performance အပိုင်းတွေပဲဖြစ်ပါတယ်။ Fiat ဟာဆိုရင် Sripatum University ရဲ့ Faculty of Communication Arts မှာ Film and Digital Media major ကို တက်ရောက်နေတဲ့ ကျောင်းသားလေးပဲဖြစ်ပါတယ်။ နို့ ဖျော်ရည်တွေနဲ့ ချောကလက်ကတော့ အနှစ်သက်ဆုံး အစားအစာတွေလို့ သိရပါတယ်။ လေးစားရတဲ့ အနုပညာရှင်တွေကတော့ Jay Park နဲ့ Justin Bieber ပါ။ ဝါသနာတွေကတော့ သီချင်းနားထောင်ရတာ ရုပ်ရှင်ကြည့်ရတာနဲ့ အကလေ့ကျင့်ရတာတွေပဲဖြစ်ပါတယ်။ သူ့ရဲ့ အနုပညာ လှုပ်ရှားမှုလေးတွေကတော့ 2013 ခုနှစ် Grean Fiction ရုပ်ရှင်ဇာတ်ကားမှာ Tee အဖြစ်ပါဝင်ခဲ့ပြီး 2015ခုနှစ ်Grean House The Series, Love Confession, 1448 Love Among Us, Carabao The Series တို့မှာ ပါဝင်ခဲ့ပြီး 2017 ခုနှစ် Back to School Reunion အစီအစဉ်မှာ Ep.113 ကနေ 115 အထိ ပါဝင်အားဖြည့်ထားပါတယ်။ ဒါ့အပြင် Uprince The Series Ep. Survey နဲ့ Slam Dance The Series တို့မှာလည်း ပါဝင်ထားပါသေးတယ်။ မကြာခင်မှာထွက်ရှိလာမယ့် Sotus S The Series မှာလည်း Dae အဖြစ် ပါဝင်ထားပါတယ်နော်။ အခုလက်ရှိ GMMTV ကပြသလျက်ရှိတဲ့ The Gifted The Series မှာတော့ Korn အဖြစ် Main Role ကနေ ပါဝင်ထားပါတယ်။ သူ့ရဲ့ အနုပညာ လှုပ်ရှားမှုတွေက သရုပ်ဆောင်အပိုင်းတင်ပဲလားဆိုတော့ မဟုတ်ပါဘူး။ U Prince The Series ရဲ့ Anything In My Heart ဆိုတဲ့ Ost ကိုလည်း သီဆိုထားပါသေးတယ်။ သူ့အသံချိုချိုလေးနဲ့ လိုက်ဖက်တဲ့ သီချင်းတစ်ပုဒ်ပါ။ တီဗွီအစီအစဉ်တွေအနေနဲ့ကတော့ School Rangers , Let's play Challenge , OffGun Fun Night နဲ့ Cougar On the Prowl တို့မှာ ပါဝင်ထားပါတယ်။ ဒါတင်ပဲလားဆိုတော့ မဟုတ်သေးပါဘူး။ cover dance တွေလည်း ကပါသေးတယ်။ kpopper တစ်ယောက်လည်း ဖြစ်ပါတယ်။ သူတက်ရောက်နေတဲ့ Sripatum Uni အတွက်လည်း သူကိုယ်တိုင် မော်ဒယ်အဖြစ်နဲ့ cf တစ်ခုရိုက်ပေးခဲ့ပါသေးတယ်။ ကဲ ဒီလောက်ဆိုရင်တော့ Fiat လေး အကြောင်း သိကြလောက်ပြီ ထင်ပါတယ်။ အောက်ကပုံလေးတွေကို တစ်ပုံချင်းထောက်ကြည့်သွားရင် Fiat လေး ဘယ်လောက် ချေ့ဖို့ကောင်းကြောင်းတွေ့မြင်ကြရမှာပါလို့။ #Fiat #FiatPattadon #PattadonJanngeon #M (P.S. မင်မင်ကတော့ ကလေးကိုလည်း ဝန်းရံပါတယ်။ ကလေးက ချေ့ဖို့ ကောင်းလို့ပါ။ မင်မင်နဲ့ bd လည်းတူတယ်။ ကြွားတတ်ရတာပေါ့) ‎