Movie Name
I, Robot (2004)
Year
2004
Generes
Action, Drama, Sci-Fi
Code
01036
Type
Movie
Size
1.1 GB
Country
Hollywood
Description
AI နည်းပညာကို Phone တွေထဲ ထည့်သွင်းဖို့ ကြိုးစားနေကြတဲ့သတင်း ဖတ်မိတော့ i,Robot ဆိုတဲ့ စိတ်ကူးယဉ်သိပ္ပံဇာတ်ကားလေးကို သွားသတိရမိပါတယ် ဒီဇာတ်ကားဟာ Artificial Intelligence (ဉာဏ်ရည်တု) နည်းပညာရဲ့ ကောင်းကျိုးဆိုးကျိုးတွေကို ထည့်သွင်းရိုက်ကူးထားတာကြောင့် ပညာပေးဇာတ်ကားတစ်ကားလို့တောင် ဆိုနိုင်ပါတယ် i,Robot ကို ဒါရိုက်တာ Alex Proyas ရိုက်ကူးခဲ့ပြီး မင်းသားကြီး Will Smith နဲ့ မင်းသမီး Bridget Moynahan တို့က ဦးဆောင်ပါဝင်ထားပါတယ် IMDb 7.1 ရရှိထားတာကြောင့် ကြည့်ရှုသင့်တဲ့ဇာတ်ကားကောင်းတစ်ကားဆိုတာ သေချာပါတယ် ဒီဇာတ်ကားကို ကြည့်ရှုနေစဉ်မှာပင် ဇာတ်ဆောင်တွေ နဲ့ ဇာတ်လမ်းထဲကဇာတ်ရုပ်တွေ အလွန်လိုက်ဖက်လွန်းတာကို သတိထားမိကြပါလိမ့်မယ် ဇာတ်လမ်းအကျဉ်း 2035 ခုနှစ် ချီကာဂိုမြို့မှာ ဇာတ်အိမ်တည်ထားပါတယ် ကမ္ဘာ့အကြီးဆုံး ရိုဘော့ထုတ်လုပ်ရေးကုမ္ပဏီ USR အဆောက်အဦးမှာ ကိုယ့်ကိုယ်ကိုယ်သတ်သေမှုတစ်ခုဖြစ်ပွားခဲ့ပါတယ် သေဆုံးသူကတော့ ရိုဘော့ပညာရှင် ဒေါက်တာအဲလ်ဖရက်လန်နင် ဖြစ်ပါတယ် ထူးခြားတာာက ဒီအမှုကိုကိုင်တွယ်ဖို့ စုံထောက်တစ်ယောက်ကို သေဆုံးသူက ကြိုတင်ရွေးချယ်ထားတာပါ သူရွေးချယ်ခဲ့တဲ့စုံထောက်ကတော့ ရိုဘော့တွေကို နဂိုတည်းက မုန်းတီးရင်းစွဲစိတ်အခြေခံရှိထားတဲ့ စုံထောက်စပွန်နာ ဖြစ်ပါတယ် အခင်းဖြစ်ပွားခဲ့တဲ့နေရာမှာ ပုန်းအောင်းနေတဲ့ NS-5 ရိုဘော့တစ်ကောင်ကို စုံထောက်စပွန်နာ ရှာတွေ့ခဲ့တဲ့အခါမှာတော့….. အဲလ်ဖရက်လန်နင်က စုံထောက်စပွန်နာကို ဘာလို့ရွေးချယ်ခဲ့တာလဲ စုံထောက်စပွန်နာထင်သလို NS-5 ရိုဘော့ဟာ လူသတ်တရားခံ တကယ်ဟုတ်ရဲ့လား စုံထောက်စပွန်နာကရော ရိုဘော့တွေကို ဘာကြောင့်ကြည့်မရတာလဲ ဇာတ်လမ်းမသိထားဘဲကြည့်မှ ပိုကောင်းတာမို့ အခုပဲ ကြည့်လိုက်ကြရအောင်လား…..