-
Movie Name
-
Ngao Ashoka(love Under The Shadow)(Ashoka)
-
Year
-
2016
-
Generes
-
Drama, Romance
-
Code
-
ST0082
-
Type
-
Series
-
Size
-
1 GB
-
Country
-
Thai
-
Description
-
ပီ(ပီယချတ်) သည် မိဘမရှိတော့ပဲ အဘွားနှင့်အတူ ဆင်းဆင်းရဲရဲနေရသည့်ကလေးမလေး တစ်ဦးဖြစ်သည်။ ငယ်စဉ်တုန်းက ချမ်းသာသောမိသားစု၏သားဖြစ်သူ မွန်ထိုင်း နှင့်တွေ့ပြီးရင်းနှီးခဲ့လေ
သည်။ သူမအဘွားကားတိုက်မှုဖြစ်ပြီးသေဆုံးသွားသည့်အခါ ဝိရဒါးတို့မိသားစုထံတွင် သွားရောက်နေထိုင်ခဲ့ရလေသည်။ ဝိရဒါးနှင့်စေ့စပ်ထားသည့် မွန်ထိုင်းသည် သူ၏မိခင်ဖြစ်သူ သူ့အား အိမ်ဖော်များ
နှင့်ကြိုက်သွားမှာစိုးရိမ်ပြီး လိုက်လံတားမြစ်နေသည့်အတွက် အိမ်တွင်မနေနိုင်တော့ပဲ နိုင်ငံခြားတွင်ကျောင်းဆက်တက်ရန်ထွက်သွားခဲ့လေသည်။
💙 မွန်ထိုင်း နိုင်ငံခြားတွင်ကျောင်းတက်နေစဉ်အတွင်း သူနှင့်စေ့စပ်ထားသည့် ဝိရဒါးထံသို့စာများရေးကာပို့ခဲ့လေသည်။ သို့သော်ဝိရဒါးက ထိုစာများကိုမပြန်ပဲ ပီယချတ်ကိုသာ ပြန်ရေးခိုင်းလေသည်။ ဝိရဒါးက မွန်ထိုင်းအားမစောင့်နိုင်တော့ပဲ အခြားယောက်ျားလေးများကို စိတ်ဝင်စားနေလေသည်။
💙 မွန်ထိုင်း၏မိခင် နေမကောင်းဖြစ်နေသောကြောင့် ဝိရဒါးအား မွန်ထိုင်းတို့အိမ်တွင်လာနေပြီးသူမအားပြုစုရန်ခေါ်ခိုင်းလိုက်လေသည်။ သို့သော်ဝိရဒါးက မသွားဘဲ ပီယချတ်အားသူမကိုယ်စားလွှတ်လိုက်လေသည်။ မွန်ထိုင်းနိုင်ငံခြားမှာပြန်ရောက်လာသည့်အခါ ပီယချတ်က ငွေမက်သောကြောင့်ဝိရဒါးအယောင်ဆောင်ကာ မိမိအိမ်တွင်လာနေသည်ဟုထင်ပြီး ပီယချတ်အားကောင်းမွန်စွာလက်မခံခဲ့ချေ။
💙 သို့သော်တဖြည်းဖြည်း ပီယချတ်အားနားလည်လာပြီး သံယောဇဉ်တွယ်လာမိလေတော့သည်။ ထိုအချိန်တွင် ဝိရဒါးက မွန်ထိုင်းတို့အိမ်တွင်လာနေပြီး ပြဿနာများစတင်ပေါ်ပေါက်လာတော့လေသည်။