Movie Name
Annabelle Comes Home(2019)
Year
2019
Generes
Horror
Code
03762
Type
Movie
Size
719 MB
Country
Hollywood
Description
ဒီဇတ်လမ်းမှာတော့ နာမည်ကျော် အန်နာဘယ် အရုပ်ကို လော်ရိန်း တို့ ဇနီးမောင်နှံက နောက်ဆုံးအခြောက်လှန့်ခံရတဲ့ သူတွေဆီကနေ တောင်းယူလာပြီး သူတို့ အိမ် အောက်ထပ်က မကောင်းဆိုးဝါးတွေကို အစီအရင်တွေနဲ့ ချူပ်နှောင်တဲ့အခန်းမှာပဲ မှန်သေတ္တာနဲ့ သော့ပိတ်ထားခဲ့ကြပါတယ်…. လော်ရိန်းမှာ ဂျူဒီ ဆိုတဲ့ သမီးလေး တစ်ယောက် ရှိပြီး ဂျူဒီဟာလဲ လော်ရိန်းလို မွေးရာပါ စိတ်စွမ်းအင်ရှိသူဖြစ်ပါတယ် မကြာခဏ ဆိုသလို သေပြီးသားလူတွေကို ခဏခဏ မြင်ရတက်ပါတယ် တစ်ရက်မှာတော့ ဝါရန်း လင်မယားဟာ အမှုကိစ္စတစ်ခုအတွက် ခရီးတစ်ခု ထွက်ရမှာဖြစ်လို့ သမီးလေး ဂျူဒီ ကို ကြည့်ရှုဖို့ အရင်ကလဲ ခေါ်နေကြဖြစ်တဲ့ ကလေးထိန်း အချိန်ပိုင်းလုပ်တဲ့ သက္ကသိုလ်ကျောင်းသူ မယ်ရီအယ်လန် ကို အိမ်ခေါ်ပြီး အပ်ထားခဲ့ကြတယ်.. ဒီကြားထဲမှာပဲ ပရလောက ကိုစပ်စုတက်တဲ့ ဒန်နီရယ် ဆိုတဲ့ မယ်ရီ ရဲ့ သူငယ်ချင်းကောင်မလေးက ဝါရန်းမိသားစု ရဲ့ လျို့ဝှတ်ခန်းဆိုတာကို ကြားပဲ ကြားဖူးပြီး အရမ်းအင်မတန် ရောက်ချင် တွေ့ချင်စိတ် ရှိသူဖြစ်ပါတယ် ဒါကြောင့် ကလေးထိန်း လုပ်နေတဲ့ မယ်ရီကို ကပ်ပြီး ဂျူဒီလေး ရဲ့ မွေးနေ့ကို အကြောင်းပြကာ ဝါရန်း အိမ်ကြီးသို့ မရရအောင် ဝင်လာခဲ့ပါတယ်….. ဝါရန်းလင်မယားက လျို့ဝှတ်အခန်းကို ဘယ်လောက်ပဲ သော့တွေ အထပ်ထပ်ပိတ်ပြီး တားဆီးထားပါစေ အန်နာဘယ် အရုပ်ထဲ ဝင်နေတဲ့ မကောင်းဆိုးဝါး က ဒန်နီရယ်ကို လမ်းပြပြီး သူ့အရှေ့ကို ရောက်အောင် ခေါ်ဆောင်ခဲ့သော အခါမှာတော့….. ဒီရုပ်ရှင်ကားကို Hein Thet Naing နှင့် Htoo Htoo Ka Joe တို့က ဘာသာပြန် တင်ဆက်ပေးထားပါတယ်