-
Movie Name
-
Dark (S1,S2,S3)
-
Year
-
2017
-
Generes
-
Crime, Drama
-
Code
-
SE0080
-
Type
-
Series
-
Size
-
11 GB
-
Country
-
Hollywood
-
Description
-
Deep ပြီး Dark တဲ့ စီးရီးလေးတစ်ခုကိုမိတ်ဆက်ပေးချင်ပါတယ်။စီးရီးနာမည်ကတော့ Dark (2017)ပါ။
ဒီကားလေးက လျှို့ဝှက်ဆန်းကျယ် တွေးတောပြီး မျောပါသွားရတဲ့ feelingကိုကြိုက်တဲ့ ပရိသတ်ကြီးအတွက်ကတော့ လုံးဝအကြိုက်တွေ့သွားစေရမှာပါ။
အပိုင်း၁၀ပိုင်းပါရှိပါတယ်။
လူသားတွေ နားလည်လက်ခံထားတာက မနေ့ကပြီးရင် ဒီနေ့လာမယ်။
ဒီနေ့ပြီးရင် မနက်ဖြန်ရောက်လာမယ်ဆိုတဲ့ အစီအစဉ်အတိုင်းသွားနေကြတယ်လို့ပါပဲ။
တကယ်လို့ အဲ့လိုအချိန်ကာလတွေဟာအစီအစဉ်အတိုင်းရှိနေတာမျိုးမဟုတ်ပဲ စက်ဝိုင်းကြီးတစ်ခုလိုမျိုး အဆုံးအစမရှိစွာ လည်ပတ်နေတာမျိုးဆိုရင်ရော?
ဒီလိုအတွေးမျိုးတွေပေါ်မှာ အခြေခံကာဇာတ်အိမ်တည်ထားတဲ့ စီးရီးကောင်းလေးကတော့ Dark (2017)ပါ။ဇာတ်လမ်းအကျဉ်းလေးကိုပြောပြချင်ပါသေးတယ်။
ဇာတ်လမ်းအကျဉ်းလေးကတော့…
ဝစ်ဒန်ဆိုတဲ့ မြို့လေးမှာ အီရစ်ခ်ဆိုတဲ့ ကလေးတစ်ယောက် ပျောက်ချင်းမလှပျောက်သွားတာကနေ ဇာတ်လမ်းကစပါတယ်။
ရာဇဝတ်မှုနည်းပါးပြီးအေးချမ်းလှတဲ့ ဒီမြို့လေးမှာ ကလေးတစ်ယောက်ပျောက်ချင်းမလှ ခြေရာလက်ရာ သဲလွန်စတစ်ခုမကျန်ပဲပျောက်ဆုံးသွားတာကတော့ ရဲမှုး အောလ်ရစ်ချ်အတွက်ခေါင်းခဲစရာကိစ္စတစ်ခုဖြစ်လာပါတော့တယ်။
လွန်ခဲ့တဲ့ ၃၃နှစ်ကလဲ မက်စ်ဆိုတဲ့ကလေးတစ်ဦးအခုလိုပဲပျောက်ဆုံးသွားခဲ့ဖူးပါတယ်။
ကံကြမ္မာစက်ဝန်းတစ်ပါတ်ပြန်လည်တာများလားဆိုတဲ့ အတွေးနဲ့ အားလုံးထိတ်လန့်နေချိန်မှာ ရဲမှုးအောလ်ရစ်ချ်ရဲ့သားငယ်လေး မစ်ကယ်လ်ပါ ပျောက်ဆုံးသွားပါတော့တယ်။
လွန်ခဲ့တဲ့ ၃၃နှစ်ကပျောက်ဆုံးသွားတဲ့ မက်စ်ကို ပျောက်သွားချိန်ကအသက်အရွယ်အတိုင်း ၁၂နှစ်အရွယ်ကလေးတစ်ယောက်ရဲ့အလောင်းအနေနဲ့ ပြန်တွေ့ရတဲ့အချိန်မှာ သူတို့ဘာဆက်လုပ်ကြမလဲ?
မက်စ်ရဲ့အလောင်းကလဲလတ်လတ်ဆတ်ဆတ် တစ်နေ့ကမှသေထားတဲ့အလောင်းဖြစ်နေတဲ့အခါ…
Imdb Rating 8.6/10 ရရှိထားတဲ့ စီးရီးလေးမို့ မကောင်းမှာတော့မပူရပါဘူး။
လျှို့ဝှက်ဆန်းကျယ် အတွေးနယ်ချဲ့ရတဲ့ ခံစားချက်ကို သဲတစ်ထိတ်ထိတ်ရင်တစ်ဖိုဖိုခံစားချင်တဲ့ ပရိသတ်ကြီးအတွက်ဒီ Dark ဆိုတဲ့စီးရီးလေးကို တင်ဆက်ပေးလိုက်ပါတယ်။