Movie Name
Ghoul (S1)
Year
2020
Generes
Drama
Code
SE0082
Type
Series
Size
1.16 GB
Country
Hollywood
Description
Sacred Gamesနဲ့ အောင်မြင်မှုတွေအများကြီးရခဲ့ပြီးတဲ့နောက် Netflixရဲ့ နောက်ထပ် Bollywood Series တစ်ခုထွက်ရှိလာခဲ့ပါပြီ Ghoul TV Series ဟာ သုံးပိုင်းသာပါဝင်တဲ့ Mini-Series တစ်ခုဖြစ်ပြီး အဓိကသရုပ်ဆောင်အနေနဲ့တော့ Netflixနဲ့ အကျိုးပေးတဲ့ Radhika Apteနဲ့အတူ Tumhari Suluထဲမှာ အာရွက်အဖြစ် သရုပ်ဆောင်ထားတဲ့ မင်းသား Manav Khaul တို့ပဲဖြစ်ပါတယ် အဆင့်သတ်မှတ်ချက်တွေအနေနဲ့ IMDB 8.2/10 အထိရရှိထားပြီး Horror, Thriller အမျိုးအစားလည်း ဖြစ်ပါတယ် ဇာတ်လမ်းကတော့ အိန္ဒိယနိုင်ငံကြီးက တော်တော်ကြီးကို ပြောင်းလဲနေပါပြီ ဥပဒေတွေ၊ မူဝါဒတွေ၊ နိုင်ငံရေးအယူအဆတွေ၊ ဘာသာရေးအခြေအနေတွေနဲ့ အကြမ်းဖက်မှုများစွာလည်း ဆက်တိုက်ဖြစ်ပေါ်နေပါတယ်။ ဒီထဲမှာမှ အဆိုးရွားဆုံးအကြမ်းဖက်သမားကတော့ အလီ ဆာအီးဒ် အလ်ယာကွဘ်ပဲ ဖြစ်ပါတယ် ဒီအကြမ်းဖက်သမားကို အထူးတပ်ဖွဲ့တွေက ဖမ်းစီးနိုင်ခဲ့ပါတယ် ဖမ်းစီးရရှိတဲ့အကြမ်းဖက်သမားတိုင်းကို အဆင့်မြင့် စစ်ကြောရေးဋ္ဌာနမှာ စစ်ဆေးလေ့ရှိပြီး ဒီအကြမ်းဖက်သမားကို စစ်ဆေးဖို့ နီဒါဆိုတဲ့ သင်တန်းဆင်း အရာရှိတစ်ယောက်ကို ခေါ်ခဲ့ပါတယ် နီဒါဆိုတာ အစ္စလာမ်ဘာသာဝင်တစ်ယောက်ဆိုပေမယ့် မျိုးချစ်စိတ်ရှိသူတစ်ဦးဖြစ်ပြီး အဖေအရင်းကိုတောင် အကြမ်းဖက်သမားတွေနဲ့ အဆက်အသွယ်ရှိလို့ ကိုယ်တိုင်ဖမ်းစီးခဲ့သူပါ အကြမ်းဖက်သမားအများစုက အစ္စလာမ်ဘာသာဝင်တွေ ဖြစ်ကြပြီး အခုလိုစစ်ကြောဖို့ကို အစ္စလာမ်ဘာသာဝင်ဖြစ်တဲ့ နီဒါကို ခေါ်ယူခဲ့တာ ဘာကြောင့်ပါလဲ … အကြမ်းဖက်သမားကလည်း ထင်ထားသလောက် ရိုးရှင်းပါ့မလား … ဒီနောက်ကွယ်မှာ ဘာအကြောင်းအရာတွေရှိနေမလဲဆိုတာကိုတော့ … (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်တင်ဆက်ထားသူကတော့ ကိုဇော်ထူး ဖြစ်ပါတယ်။)