Movie Name
Unsolved Mysteries
Year
2020
Generes
Crime, Documentary
Code
SE0084
Type
Series
Size
2.80 GB
Country
Hollywood
Description
Netflix ကနေ July 1 ရက်နေ့မှာပြသခဲ့တဲ့ စီးရီးအသစ်တစ်ခုကို တင်ဆက်ပေးချင်ပါတယ်။ ဒီစီးရီးက Stranger Things ကို ထုတ်လုပ်ခဲ့တဲ့ Production ကပဲ တင်ဆက်ထားတာဖြစ်ပြီး သာမန် ရုပ်ရှင်ကား များမဟုတ်ဘဲ . တကယ့်အပြင်မှာဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်အမှန်များကို အင်တာဗျူးပြကွက်တွေနဲ့ ဇာတ်လမ်းဇာတ်ရုပ် များကို ရောယှက်ပြသထားတဲ့ Documentary Movies များဖြစ်ပါတယ်။ ဒီစီးရီးမှာ အပိုင်း(၆)ပိုင်းပါပြီး ဇာတ်လမ်း အကျဉ်းတွေကို ပြောပြရမယ်ဆိုရင် သေဆုံးခြင်း၊ ပျောက်ဆုံးခြင်းတွေကို အခြေခံထားပါတယ်။ ဒါဆိုရင် ဘာထူးဆန်း လဲလို့မေးစရာရှိပါတယ် . ဟုတ်ပါတယ် . သေဆုံးခြင်း၊ ပျောက်ဆုံးခြင်းတွေဟာ သာမန် suicide လုပ်တာတွေ၊ အသတ် ခံရခြင်းမျိုးတွေနဲ့မတူဘဲ . လက်မခံနိုင်စရာထူးဆန်းဖွယ်ရာတွေနဲ့ ကြုံတွေဆုံတွေ့နေတာပါ။ နောက်ပြီးတော့ အခုပြသ ထားတဲ့ အဖြစ်အပျက်(၆)ခုဟာ အခုချိန်ထိတိုင်အောင် လက်တွေ့အဖြေရှာမရသေးဘဲ လူတွေဟာတွေဝေနေပြီး ဘာ ကြောင့်သေဆုံးတယ်၊ ဘာကြောင့်ပျောက်ဆုံးတယ် . ဘယ်လိုပျောက်ဆုံးတယ်ဆိုတာပါ ဆုံးဖြတ်ချက်ချလို့မရတဲ့ အဖြစ် အပျက်များပါ။ အဲ့ဒီထဲက မိသားစုတစ်ချို့ဆို အင်တာဗျူးခံဖို့ကိုတောင် ငြင်းဆိုခဲ့ကြတာပါ။ အကယ်လို့ ဒီအဖြစ်အပျက် များကို ပရိတ်သတ်တွေအနေနဲ့ ဖြေရှင်းတယ် . တစ်ခုခုအကြောင်းကြားနိုင်တယ်ဆိုရင် Phone No – 573-729-3241 or unsolved.com တို့ကို ဆက်သွယ်ပြီး အကူအညီပေးနိုင်ပါတယ်။ နောက်တစ်ခုပြောချင်တာက Documentary Movies တွေဆိုလို့ ပျင်းရိစွာထိုင်ကြည့်နေရမှာမျိုးမဟုတ်ပါဘူး ပဟေဌိတစ်ပုဒ်ကို ထိုင်ဖတ်နေရသလို စိတ်ဝင်စားစွာနဲ့ကြည့်ရမယ်ဆိုတာကိုလည်း စကားချပ်အနေနဲ့ ပြောပြရင်း ဒီစီးရီးကို ကြည့်ကိုကြည့်ဖို့ တိုက်တွန်းညွှန်းဆိုချင်ပါတယ်။ (ဒီအညွှန်းကို San Win Maung မှရေးသားပေးထားပြီး။ ဘာသာပြန်ရေးသားပေးသူများကတော့ Tin Myo Lwin, Thiha Yan Naing, d3mon တို့မှ ရေးသားပေးထားပါတယ်။