Movie Name
Our Sky
Year
2018
Generes
Drama
Code
ST0083
Type
Series
Size
2 GB
Country
Thai
Description
Our skyy မှာ အပိုင်း ၅ ပိုင်းရှိပါတယ် … အတွဲ ၁တွဲချင်းစီအတွက် တစ်ပိုင်းပါ .. BL ကားဆိုတော့ အတွဲတွေအားလုံးကလည်း ယောကျ်ားလေးတွေချည်းပါပဲ … အပိုင်း ၁. Our skyy PickRome အပိုင်း ၂.Innsun အပိုင်း ၃.TeeMork အပိုင်း ၄.PeteKao အပိုင်း ၅.ArthitKongpob တို့ပဲဖြစ်ပါတယ်။ အဲ့မှာပါတဲ့ ArthitKongpob အပိုင်းက ကိုယ်ဘာသာပြန်ခဲ့တဲ့ Sotus,Sotus S ရဲ့အဆက်ပါ အပေါ်မှာ ဖော်ပြထားတာတွေကလည်း series တွေရှိပါတယ် … ဖော်ညွှန်းထားတယ်လို့ Sotus ဟာဆိုရင်ဖြင့် စီနီယာနဲ့ ဂျူနီယာ ကြားကအချစ်ကို review ပေးပါရစေ … Sotus S မှာဆိုရင်ဖြင့် အလုပ်ရသွားတဲ့ စီနီယာနဲ့ စီနီယာဖြစ်သွားတဲ့ ဂျူနီယာက အလုပ်ခွင်နဲ့ တက္ကသိုလ်နယ်မြေ နှစ်ခု မတူညီတဲ့နယ်နှစ်မျိုးထဲက တစ်ယောက်နဲ့တစ်ယောက် အားပေးကူညီမှု အနစ်နာခံမှုတွေနဲ့ ပြည့်နှက်နေတဲ့ ချစ်ခြင်းတစ်ခုဆိုပြီး review ပေးပါရစေ … ဒီတစ်ခု Our skyy လေးဟာဆိုရင်ဖြင့် Sotus S ရဲ့အဆက်လေးပါ။ ဒါလေးမှာ ပညာတော်သင်သွားမယ့်ကောင်လေးရယ် ချစ်သူကို လွမ်းရမယ့်ဒဏ်ကို မခံနိုင်ဘူးဆိုတဲ့ ကောင်လေးရယ် ဆိုပြီး review ပေးပါရစေ … ကိုယ်ခံစားလိုက်ရတာက ဒီအပိုင်းလေးမှာ ကာလဒေသကွာခြားချက်က အရေးမကြီးပါဘူး ရင်ထဲက အချစ်စစ်နေရင် သူနဲ့ပြန်ဆုံမယ့်တစ်နေ့ကို လက်ချိုးရေတွက်နိုင်တယ်ဆိုတာပါပဲ … ဒါလေးကို အရင်ကြည့်ပြီး နောက်ထပ် Sotus နဲ့ Sotus S ကိုကြည့်ချင်ရင်တော့ မကြာခင်မှာ link တွေပြန်တင်ပေးပါ့မယ်လို့ promotion ဆင်းရင်းနဲ့ပဲ ပေါ့။ အားလုံး Happy new year ပါ နှစ်သစ်မှာ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်း နှင့်အတူ နှစ်တစ်နှစ်ကို အစပြုနိုင်ပါစေလို့ ဆုတောင်းပြုလျှက် …