-
Movie Name
-
Eerie (2019)
-
Year
-
2019
-
Generes
-
Crime, Horror
-
Code
-
03786
-
Type
-
Movie
-
Size
-
851 MB
-
Country
-
Hollywood
-
Description
-
Eerie(2018)
ကျောင်းတွေတိုင်းမှာ တစ္ဆေပုံပြင်တစ်ခု ဒါမှမဟုတ် တစ်ခုထက်ပိုတာတွေရှိတတ်ကြပါတယ်။ သီလရှင်တွေအုပ်ချုပ်တဲ့ မိန်းကလေး သီးသန့်ကျောင်းဖြစ်တဲ့ စတာလူရှာမှာလဲ ရှိပါတယ်။ သုံးထပ်မြောက်က အိမ်သာထောင့်ဆုံးအခန်းမှာ
ကျောင်းသူတစ်ယောက်သတ်သေသွားဖူးတဲ့အတွက် အဲ့ဒီအိမ်သာကို ဘယ်သူမှ မသွားရဲကြပါဘူး။ တစ်နေ့ကျောင်းသူလေးတစ်ယောက်
ညသန်းခေါင်တစ်ယောက်တည်း အဲ့ဒီအိမ်သာထဲကို သွားမိရင် ကြမ္မာဆိုးတစ်ခုနဲ့ကြုံမိသွားရာကနေ..။
ကျောင်းကို စည်းကမ်းလဲကြီး မျက်နှာထားလဲတင်းမာတဲ့ စစ္စတာ အဲလစ်စ်က အုပ်ချုပ်ပါတယ်။ မစ္စပတ် ကတော့ စိတ်ပိုင်းဆိုင်ရာအတိုင်ပင်ခံ
တစ်ယောက်ဖြစ်တယ်။ ညဘက်ဆိုရင် သတ်သေသွားတဲ့ကျောင်းသူ အယ်ရစ်ကာက သူနဲ့စကား လာလာပြောတတ်တယ်။ အယ်ရစ်ကာ သေဆုံးမှုဟာ စစ္စတာ အဲလစ်စ်ရဲ့လက်ချက်မကင်းဘူးလို့ သံသယဝင်လာတဲ့သူဟာ နှစ်ပေါင်းများစွာတည်ရှိလာခဲ့တဲ့ ကျောင်းကြီးရဲ့ အရှုပ်အထွေးတွေကြား မလွှဲမရှောင်သာ ဝင်ပါမိပါတော့တယ်။
Horror ထုံးစံ jump scare တွေ အများကြီးမသုံးထားပဲနဲ့ ဇာတ်ကြောင်းနဲ့လှည့်ကွက်တွေကို ဦးစားပေးတည်ဆောက်ထားတဲ့ကားတစ်ကားပါ။
ကြည့်နေရင်း ပဟေဠိတွေနဲ့ တစ်စိမ့်စိမ့်ခြောက်ခြားလာစေရမှာအမှန်ပါပဲ။