Movie Name
NIGHT WATCH (2004)
Year
2004
Generes
Action, Fantasy, Horror
Code
03805
Type
Movie
Size
1.20 GB
Country
Hollywood
Description
‘တစ်ခြားသူ’ အန်တွန် ဂိုရိုဒတ်စကီး ‘မှုန်မှိုင်းတဲ့နေရာ’ ဂီဆာ ဘဇမ်တီယမ်း ဆဗက်တ်လာနာ နာဇာရိုဗာ ဗာတွတ်တင်ကီ ကံတရားမြေဖြူ တမာလိန်း ကော့စ်တလျာ ဂွာအီမာ ဘိုရစ်မွိုင်ဆီယက်ဗ် ကမ္ဘာဦး တည်စ ကတည်းက လူသားတွေနဲ့အတူတကွ ကွဲပြားတဲ့တစ်ခြားသတ္တဝါတွေလဲ ယှဉ်တွဲနေထိုင်ခဲ့ကြပါတယ်။ ဒဏ္ဍာရီလာ သတ္တဝါတွေဖြစ်တဲ့ သွေးစုပ်ကောင် အသွင်ပြောင်းလူသား အစရှိတဲ့ မျိုးနွယ်စုတွေအပါအဝင် လူသားဖြစ်ပေမယ့် သာမန်လူတွေထက် စွမ်းအင်တစ်မျိုးမျိုးရှိနေတဲ့ သဘာဝလွန်လူသားတွေလဲပါဝင်တယ်။ အမှောင်ဘက်က မျိုးနွယ်စုတွေဟာ လူသားတွေကို နှောင့်ယှက်ဒုက္ခပေးလေ့ရှိကြပြီးတော့ သူတို့ရန်ကနေ အလင်းဘက်ရပ်တည်သူတွေက ကာကွယ်ပေးကြပါတယ်။ သူတို့ကို ‘တစ်ခြားသူ’ လို့ခေါ်ဆိုကြပြီးတော့ မွေးရာပါ ဘယ်ဘက်ကမှ မွေးဖွားလာတာမဟုတ်ပဲ အချိန်တန်မှ ရပ်တည်မယ့်ဘက်ကိုရွေးကြရပါတယ်။ ဒဏ္ဍာရီတွေမှာ အလင်းဘက်က တပ်ဖွဲ့ နဲ့ အမှောင်ဘက်က တပ်ဖွဲ့တို့ တံတားတစ်စင်းပေါ်မှာဆုံဖြစ်ကြတဲ့ နေ့တစ်နေ့အကြောင်းပါရှိပါတယ်။အလင်းရဲ့ အရှင်သခင် ဂတ်ဆာနဲ့ အမှောင်တရားရဲ့ဗိုလ်ချုပ်ကြီး ဇဗူလွန်တို့ဟာ တစ်ဦးနဲ့တစ်ဦးမျက်နှာချင်းဆိုင်ဆုံတွေ့ရာက ဘယ်သူမှ အလျှော့မပေးပဲ အသေအကြေတိုက်ပွဲဖြစ်ခဲ့ကြတယ်။ လက်အောက်ငယ်သားတွေရဲ့ ဒုက္ခဆင်းရဲတွေကို လက်ခံကြည့်မနေနိုင်တဲ့အဆုံး အလင်းသခင် ဂတ်ဆာဟာ အမှောင်ဗိုလ်ချုပ်ဇဗူလွန်နဲ့ ညှိနှိုင်းပြီး စစ်ပြေငြိမ်းရေး သဘောတူညီချက်ကိုရယူခဲ့တယ်။ % buffered 00:00 00:00 Download Your browser does not support the video tag. ဘယ်သူတစ်ဦးတစ်ယောက်ကို မှ ဖိအားမပေးပဲ ကြိုက်တဲ့ဘက်ကို လွတ်လပ်စွာရွေးချယ်နိုင်ခွင့်။အလင်းဘက်က စစ်သည်တော်တွေကို ညကင်းသမားလို့ ခေါ်ဆိုပြီး အမှောင်ဘက်သားတွေကိုတော့ နေ့ကင်းသမားလို့ ခေါ်ဆိုပါတယ်။ သူတို့ရဲ့ တာဝန်က ဆန့်ကျင်ဘက်အဖွဲ့ကလူတွေ သဘောတူညီချက်အတိုင်း လိုက်နာမှုရှိဖို့စောင့်ကြည့်ထိန်းသိမ်းရေးပါပဲ။ တစ်ဘက်နဲ့တစ်ဘက် အပြန်အလှန်ထိန်းညှိရင်း နှစ်ဘက်ညီမျှစွာ နှစ်ရာစုပေါင်းများစွာ ယှဉ်တွဲနေထိုင်လာရာကနေ တစ်နေ့မှာတော့ အားလုံးပြောင်းပြန်ဖြစ်မယ့် အချိန်တစ်ခုရောက်လာပါတော့တယ်။ ရှေ့အရင် ပေါ်ထွန်းခဲ့သမျှ အားလုံးထက် စွမ်းအင်ကြီးမားမယ့် ‘တစ်ခြားသူ’ တစ်ဦးပေါ်ထွန်းလာမှာဖြစ်ပြီး သူ့ရဲ့ ရွေးချယ်မှုဟာနှစ်ပေါင်းများစွာ ထိန်းသိမ်းလာခဲ့တဲ့ ငြိမ်းချမ်းမှုကို အကြီးအကျယ်ထိခိုက်စေမှာ ဆိုတော့ ဒီလိုကပ်ဆိုးမျိုးကိုမကြုံရအောင် ဘယ်လို တားဆီးကာကွယ်ကြမလဲ? Night watch နဲ့ Day watch တို့ဟာ ၂၀၀၄ နဲ့ ၂၀၀၆ တုန်းက ထွက်ရှိထားခဲ့တဲ့ ရုရှားနိုင်ငံထွက်ကားကောင်းတွေထဲက အပါအဝင်ဖြစ်ပါတယ်။ သမားရိုးကျမြင်တွေ့နေကျဖြစ်တဲ့ ဟောလိဝုဒ်ရုပ်ရှင်တွေနဲ့ မတူတင်ဆက်ပုံ နောက်ခံတေးဂီတ ဇာတ်လမ်းခင်းကျင်းပုံတွေကအစ ထူးခြားဆန်းသစ်နေပြီးတော့ ဆွဲဆောင်မှုအားကောင်းလှပါတယ်။ ‘Shoot’em up’ တို့ ‘Wanted’တို့လိုကားမျိုးတွေကိုကြိုက်ခဲ့ရင် ဒီကားတွေဟာလဲ အကြိုက်တွေ့စေမယ့် ကားတွေပါပဲ။