-
Movie Name
-
Pledge (2018)
-
Year
-
2018
-
Generes
-
Horror
-
Code
-
03810
-
Type
-
Movie
-
Size
-
801 MB
-
Country
-
Hollywood
-
Description
-
ခရစ်တီးရီးယားဆိုတာ ရှေးခေတ်ဂရိနိုင်ငံ စပါတာမြို့က
လူငယ်စပါတန်စစ်သည်တွေကို လေ့ကျင့်ပျိုးထောင်ပေးတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်
အဲဒီနာမည်ကိုယူုပြီး ၁၈၅၂ခုနှစ်မှာ နိုင်ငံရေးသမားတွေ
ချမ်းသာတဲ့စက်မှုလုပ်ငန်းရှင်တွေနဲ့ နယ်ပယ်အသီးသီးက
လွှမ်းမိုးချုပ်ကိုင်နိုင်သူတွေပါဝင်တဲ့ ခရစ်တီးရီးယားလျှို့ဝှက်အဖွဲ့အစည်းကို
ပြန်လည်တည်ထောင်ခဲ့ပါတယ်
ရည်ရွယ်ချက်ကတော့ လူမဆန်အောင်ရက်စက်ပြီး ပြတ်ပြတ်သားသားဆုံးဖြတ်တတ်တဲ့
လူသတ်သမားတွေကိုမွေးထုတ်ဖို့ပါ
အဲဒီလိုလူမျိုးတွေနဲ့သွားပတ်သတ်မိတဲ့
ကျောင်းသား သုံးယောက်ရဲ့အဆုံးသတ်ဟာ ဘယ်လိုဖြစ်မလဲ…..
လူငယ်ဆိုတာ အပျော်ကြိုက်တတ်ပါတယ်
အထူးသဖြင့် လူပျိုဖော်ဝင်ကာစ ကောလိပ်ကျောင်းသားအရွယ်ဟာ
ပါတီပွဲတွေ ကောင်မလေးချောချောတွေ
အပျော်အပါးတွေကို မြည်းစမ်းကြည့်ချင်ကြတယ်
သူတို့ သုံးယောက်ကိုတော့ ဘယ်ပါတီပွဲကမှ လက်မခံသလို
ဘယ်မိန်းကလေးကမှလည်း စိတ်မဝင်စားခဲ့ကြပါဘူး
ကျောင်းသားသစ်တွေ ဖြစ်တာကြောင့်
ကျောင်းသားသမဂ္ဂအဖွဲ့အစည်းတစ်ခုမှာ ပါဝင်ဖို့ကို
ဘယ်သူမှ မကြိုဆိုကြဘူး
ဒါပေမဲ့ ဆန်းကျယ်စွာပဲ အရမ်းလှတဲ့ကောင်မလေးတစ်ယောက်က
မြို့ပြင်က ရှေးဟောင်းအိမ်ကြီးမှာကျင်းပတဲ့ ပါတီပွဲကို လာဖို့ဖိတ်ကြားခံခဲ့ရတယ်
အဲ့ဒီအိမ်ကြီးထဲက ပါတီပွဲက သူတို့ရဲ့ဆန္ဒတွေကို ဖြည့်ဆည်းပေးနိုင်ပါ့မလား…..
ရက်စက်မှုတွေ လှည့်ကွက်တွေနဲ့ ရင်တထိတ်ထိတ်ကြည့်ရမယ့်
ရုပ်ရှင်မျိုးကို နှစ်သက်သူဆိုရင်တော့ ဒီကားလေးကို အကြိုက်တွေ့မှာပါ…