Movie Name
The Axiom (2018)
Year
2018
Generes
Horror
Code
03815
Type
Movie
Size
924 MB
Country
Hollywood
Description
ဒီတစ်ခါ CM Fans တွေကိုမိတ်ဆက်ပေးမှာကတော့ Axiom လို့အမည်ရတဲ့ Horror ကားလေးပဲဖြစ်ပါတယ် ကျွန်တော်တို့လက်ရှိကမ္ဘာမှာပဲ တစ်ခြားကမ္ဘာတစ်ခုခု သို့မဟုတ် တစ်ခုမက တည်ရှိနေတယ်ဆိုတဲ့ယုံကြည်မှု့ ရှိတဲ့သူတွေတော်တော်ကိုများပြားပါတယ်။ ဘာသာရေးတွေ မှာလည်း အဲ့ယုံကြည်ချက်ကိုတော်တော်တွေ့ရပါတယ်။ အဲ့ထက်ပိုတဲ့သူတွေကတော့ အဲ့လိုတစ်ခြားကမ္ဘာတွေကို သွားရောက်နိုင်တဲ့ ဂိတ်ပေါက်တွေ တံခါးဝတွေ အစရှိသဖြင့် မြောက်များစွာတည်ရှိနေတယ်လို့ယုံကြည်ပြီး ကျမ်းဂန် အကိုးကားနဲ့ရှာဖွေနေတဲ့သူတွေလည်း တစ်ပုံတစ်ပင်ပါပဲ ဘာမြူဒါတြိဂံကိုတောင်မှပဲ တစ်ခြားကမ္ဘာတစ်ခုဆီကို ဦးတည်နေတဲ့ ဂိတ်ပေါက်တစ်ခုအဖြစ်ရည်ညွန်းပြောဆိုခဲ့ကြပါတယ် ဒီလို ဂိတ်ပေါက်တွေ မုခ်ဦးတွေနဲ့ပတ်သတ်တဲ့ စိတ်ကူးယဉ် စာအုပ်တွေ ရုပ်ရှင်တွေကလည်း တစ်ပုံတစ်ပင်ပါပဲ ။ ခုဒီ Axiom လို့ခေါ်တဲ့ ဇာတ်ကားလေးကလည်း ဒီလို ကားတွေထဲကတစ်ကားအပါဝင်ပါပဲ။ ဇာတ်လမ်းလေးကိုတော့ မတ်ကင်းဇီနဲ့ မာတင်ဆိုတဲ့မောင်နှမနှစ်ယောက်က ပျောက်နေတဲ့ သူတို့ရဲ့အစ်မကြီးမာရီလင်ကိုရှာဖွေတဲ့အပေါ်မှာဇာတ်ကိုတည်ထားပါတယ်။ မာရီလင်ကလည်း လွတ်လပ်စွာသွားလာတက်တဲ့ စိတ်ပေါ့ပါးတဲ့ လွတ်လပ်သောစိတ်နဲ့ လူဖြစ်ရကျိုးနပ်ခဲ့တဲ့ အမျိုးသမီးတစ်ဦးပါပဲ။ ဒါပေမဲ့နောက်ပိုင်းအဆက်သွယ်မရတော့တဲ့အပေါ်မှာမောင်နှမတွေအပေါ် တွယ်တာတက်တဲ့ မတ်ကင်းဇီက အစ်မတော် မာရီလင်ကိုရှာပုံတော်ဖွင့်ပါတော့တယ် အစ်မပျောက်နေတဲ့အကြောင်းကို ဆိုရှယ်နက်ဝေါ့ခ်တစ်ခုမှာတင်ပြီးကြေငြာချက်ဖွင့်တာပေါ့ အဲ့မှာပဲ သူ့ပိုစ့်ကိုရီပလိုင်းပြန်ပြီး သူ့အစ်မရဲ့တည်နေရာကိုသိပါတယ်လို့ ဆက်သွယ်လာသူ လူတစ်ယောက်ကိုတွေ့ရတဲ့အခါမှာတော့ မတ်ကင်းဇီရယ် သူ့အစ်ကိုမာတင်ရယ် မာတင်ရဲ့ရည်းစားဒါစီရယ် ဆေးသမားဂါရစ်ရယ် စိတ်ပိုင်းဆိုင်ရာဝေဒနာတွေခံစားနေရတဲ့ အတ်ဂါဆိုတဲ့ဂေါက်တောက်တောက်ဘဲတစ်ပွေရယ် စုစုပေါင်းငါးယောက်တို့က ထိုလူဆက်သွယ်လာတဲ့ သူတို့အစ်မရှိနေနိုင်မဲ့ အမျိုးသားဥယျာဉ်ဆီကို ခရီးထွက်လာပါတော့တယ်။ သူ့အစ်မဆီကနေ မတ်ကင်းဇီခိုးယူထားခဲ့တဲ့ မှတ်စုအရ အရမ်းအန္တရာယ်များတဲ့ တောအုပ်ဆိုပေမဲ့လည်း မောင်နှမမေတ္တာကြောင့် ရှာပုံတော်ဖွင့်ရပါတော့တယ်။ ဒီလိုနဲ့ခုနကပြောခဲ့တဲ့ပိုစ့်ကို ရီပလိုင်းလုပ်သူနဲ့တွေ့ဆုံပြီး ထူးဆန်းတာတွေကြားခဲ့ရပါတယ်။ ဒါပေမဲ့သိတဲ့အတိုင်း လူငယ်ဆိုတော့ ယီးတီးယားတားတွေဆိုမယုံတက်တာကြောင့် တောအုပ်ထဲကိုဝင်ခဲ့ပါတော့တယ်။ ဒါပေမဲ့တောအုပ်ထဲရောက်ပြီးမကြာခင်မှာပဲ သူတို့ဟာသူတို့ချစ်တဲ့ ပျော်မွေ့ခဲ့တဲ့လောကကြီးကို နှုတ်ဆက်ခဲ့ရပြီ သူတို့ဟာတစ်ခြားသောကမ္ဘာတစ်ခုထဲကိုခြေချမိနေပြီဆိုတာသိရတဲ့အချိန်မှာတော့ အရာရာဟာနောက်ကျသွားခဲ့ပါပြီ။ ရက်စက်ကြမ်းကြုတ်တဲ့ထူးဆန်းသောကမ္ဘာတစ်ခုမှာသူတို့တွေ ဘယ်လိုအသက်ရှင်မှာလဲ သူတို့ရဲ့ရည်မှန်းချက်ဖြစ်တဲ့အစ်မတော်ကို ကိုယ့်အသက်တောင်မနည်း လုနေရတဲ့အချိန်မှာဘယ်လိုရှာကြမှာလဲ ဒီအဖြေတွေအတွက်ကတော့ အောက်မှာပေးထားတဲ့ ဒေါင်းလုပ်လင့်ခ်လေးက အကူညီပေးနိုင်မှာလို့မျှော်လင့်ပါတယ်ဗျာ။