Movie Name
The Descent 2 [2009]
Year
2009
Generes
Horror, Thriller
Code
03818
Type
Movie
Size
873 MB
Country
Hollywood
Description
The Descent (2005) + The Descent Part 2 (2009) R အဆင့် Horror အမျိုးအစားဖြစ်တဲ့ The Descent နဲ့ The Descent Part 2 ကို 2005 နဲ့ 2009 ခုနှစ်တွေမှာ ထွက်ရှိခဲ့တာဖြစ်ပြီး IMDB 7.2 နဲ့ 5.5 ရရှိထားပါတယ် The Descent ကို ဒါရိုက်တာ Neil Marshall က ရိုက်ကူးထားပါတယ် The Descent Part 2 ကိုတော့ ဒာရိုက်တာ Jon Harris ရိုက်ကူးခဲ့တာပါ The Descent ရဲ့အဓိပ္ပါယ်က ” ဆင်းသက်ခြင်း ” ဖြစ်ပေမယ့် ” သက်ဆင်းခြင်း ” လို့ပြောမှ ပိုမှန်မယ် ထင်မိပါတယ် အန္တရာယ်တောထဲ သက်ဆင်းမိပြီး ထောင်ချောက်အတွင်း သက်ဆင်းမိကြတဲ့ အမျိုးသမီးတစ်စုအကြောင်းကို ထိတ်လန့်တုန်လှုပ်ဖွယ် ရိုက်ကူးတင်ပြထားတာပါ The Descent (2005) စွန့်စွန့်စားစားခရီးတွေကို ခုံမင်ကြတဲ့ အမျိုးသမီး ၆ ယောက်ဟာ လူမရောက်ဖူးသေးတဲ့ လှိုဏ်ဂူတစ်ခုထဲ ဆင်းသက်ဝင်ရောက်ခဲ့ကြပါတယ် ဂူနံရံတွေမှာ ဆွဲထားတဲ့ ရုပ်ပုံတွေကို မြင်ရတဲ့အခါမှ ဂူထဲမှာ သူတို့ချည်းပဲမဟုတ်ဘူးဆိုတာ သတိပြုမိခဲ့ကြပါတော့တယ် အမှောင်ထဲမှာ နေထိုင်ကျက်စားကြတဲ့ အသားစားသတ္တဝာတွေဖြစ်ကြောင်း သိရှိလိုက်ရတဲ့အခါမှာတော့…… The Descent Part 2 (2009) အမျိုးသမီး ၆ ဦး ပျောက်ဆုံးနေတာကို အပြန်လေယာဉ်လက်မှတ်ကနေတစ်ဆင့် သိရှိသွားကြပြီး ရဲတွေ နဲ့ ကယ်ဆယ်ရေးအဖွဲ့တွေ အလုပ်များကြရပါတော့တယ် သူတို့ရှာဖွေကြတဲ့နေရာက ဘိုရာမ်လှိုဏ်ဂူ… အစအနပင် မတွေ့… အမျိုးသမီး ၆ ဦးထဲမှ ၁ ဦးသာ ထွက်ပြေးလွတ်မြောက်လာပါတယ် သူ့ကိုတွေ့တဲ့နေရာက ဘိုရာမ်လှိုဏ်ဂူနဲ့ လားလားမှမဆိုင်… သွေးပျက်ချောက်ချားနေတဲ့ အမျိုးသမီးကို ဘာမှလည်း မေးလို့မရ… ဒီလိုနဲ့ သူမကိုတွေ့ရှိခဲ့တဲ့နေရာအနားက လှိုဏ်ဂူကို ရဲနှစ်ဦး နဲ့ ကယ်ဆယ်ရေးအဖွဲ့တစ်ဖွဲ့တို့ ပူးပေါင်းပြီး ဝင်ရောက်ရှာဖွေကြရာမှာတော့… Jump Scare(သွေးလန့်လို့ခုန်)အကွက်တွေ ဖောဖောသီသီ သုံးထားတာကြောင့် သည်းထိတ်ရင်ဖိုဇာတ်ကားကြိုက်ပရိသတ်တွေ ကျေနပ်ကြပါလိမ့်မယ်