-
Movie Name
-
Nakee 2 (2019)
-
Year
-
2019
-
Generes
-
Fantasy, Romance
-
Code
-
03852
-
Type
-
Movie
-
Size
-
543 MB
-
Country
-
Thai
-
Description
-
၂၀၁၆ခုနှစ်မှာ နာခီ ၁ကို ပြသခဲ့ပြီး rating အရမ်းကောင်းပြီး
နာမည်ကြီးခဲ့တယ် ၂၀၁၈ oct မှာတော့ နာခီ၂ကို movie အနေနဲ့ ရုံတင်ခဲ့ပြီး
တနှစ်ပြည့်ခါနီးဆဲဆဲမှာတော့ video file ထွက်လာခဲ့တယ် မဲခေါင်မြစ်က
ဘိုးဘိုးနဂါး စရီဆူထို တရားထိုင်နေတုန်း နာခီမယ်တော်က
လူ့ကမ္ဘာကို ခိုးတက်ပြီး ရေကစားလေ့ရှိတယ်
တစ်ရက်ကျ ရေကစားရင်း ဂဠုန်တစ်ကောင် ဝင်သုတ်တာခံရတာကိ
တိုင်းပြည်ငယ်တခုက စစ်သူကြီး ရှိုင်ရဆင်က
ကယ်တင်ခဲ့ရာက ချစ်ကျွမ်းဝင်သွားခဲ့တယ်
စစ်သူကြီးတို့ထုံးစံအရ တိုင်းပြည်ကြီးတခုနဲ့ စစ်ဖြစ်ရင်း
ရှိူင်ရဆင်ကျရှုံးသွားချိန်မှာတော့ နာခီဟာ
စစ်နိုင်သွားခဲ့တဲ့တိုင်းပြည်တခုလုံးကို ရေလွှမ်းသတ်ခဲ့ပါတယ်
အဲ့ဒီမကောင်းမှုကြောင့် ဘိုးဘိုးစရီဆူထိုရဲ့ နှစ်တထောင်
အပြစ်ပေးမှုကို ခံခဲ့ရပြီး နာခီမယ်တော်ကို
ကိုးကွယ်တဲ့ ဒုန်မမ်ပရွာလေးထဲက
ခမ်ပွန်ဆိုတဲ့ မိန်းမကြီးတဦးရဲ့သမီးဖြစ်သူ ခမ်းကျောက်ကိုယ်ထဲ
သူ့စိတ်ဝိဉာဏ်ဝင်နေခဲ့တယ် စစ်သူကြီးရှိုင်ရဆင်ကလည်း
သုတေသနကျောင်းသား ထွတ်စဖွန်အဖြစ်
ဒုန်မမ်ပရွာလေးဆီပြန်ရောက်လာခဲ့ပြီး
အချစ်ဇာတ်လမ်းပြန်လည်ဖြစ်တည်လာခဲ့တယ်
ဒါပေမယ့် ခမ်းကျောက်ကို သာမန်မြွေမကောင်းဆိုးဝါးအမှတ်နဲ့
တစ်ရွာလုံးက ဒုက္ခပေး အမေဖြစ်သူ ခမ်ပွန်ကိုပါ သတ်လိုက်ကြပြီး
ထွတ်စဖွန်ကိုပါသတ်မယ်လုပ်ကြရာကနေ
နာခီမယ်တော် ဒေါသပုန်ထခဲ့ပြီး ရွာသားတွေကို ထပ်သတ်ခဲ့ပါတော့တယ်
ဒီအပြစ်တွေအတွက် ဘိုးဘိုးစရီဆူထိုက ထပ်အပြစ်ပေးခဲ့ပြီး
ထွတ်စဖွန်ကတော့ ဘုန်းကြီးဝတ်သွားခဲ့ပါတော့တယ်
ခုနာခီ ၂ ဖြစ်တည်လာရတဲ့အကြောင်းကတော့
နာခီ ၁မှာ ခမ်းကျောက်ကို မနာလိုဖြစ်နေပြီး ထွတ်စဖွန်ကို
တဖတ်သတ်သဘောကျနေတဲ့ လမ်းကျစ်ဆိုတဲ့မိန်းကလေး
ကျိန်ဆိုခဲ့တဲ့ဆုတောင်းစကားတခုကြောင့်ပါ
နာခီမယ်တော် အပြစ်ပေးခံရပြီးနောက်
ထိုင်လန်အရှေ့မြောက်အရပ်မှာရှိတဲ့ ဒုန်မမ်ပဆိုတဲ့
ရွာလေးမှာ ခမ်းကျောက်လိုမျိုး မယ်တော့်အပေါ်
ယုံကြည်သက်ဝင်တဲ့ ဆွယ့်ဆိုတဲ့ကောင်မလေး ရှိနေခဲ့တယ်
သူမက ကလေးဘဝကတည်းက
နာခီမယ်တော်ဘုရားကျောင်းမှာ ပန်းရောင်းနေခဲ့ပြီး
မယ်တော့်ကျောက်ရုပ်ထုကို အဓိကဂရုစိုက်ပေးခဲ့သူပေါ့
ဒါကြောင့် ဆွယ့်နဲ့ မယ်တော်ကြား
ခိုင်မာတဲ့ကြိုးတခုရှိနေသလို ခံစားနေခဲ့မိတယ်
တနေ့မှာ ရဲအရာရှိ ပေါင့်ပရပ်တစ်ယောက်
အထက်အမိန့်အရ ဒုန်မမ်ပရဲစခန်းကို ပြောင်းလာရပြီးမှာတော့
ဖြေရှင်းရခက်တဲ့ဆန်းကြယ်တဲ့အမှုတွေ ပေါ်ပေါက်လာတော့တယ်
တရွာလုံးကတော့ နာခီမယ်တော် ဒေါသပုန်ထပြီး
အရင်လိုထပ်ဖြစ်တော့မယ်လို့ ယုံကြည်နေခဲ့တယ်
သဘာဝလွန်ဖြစ်ရပ်တွေကို အယုံအကြည်မရှိတဲ့
ပေါင့်ပရပ်တစ်ယောက် ဒီအမှုတွေရဲ့ဖြစ်ရပ်မှန်ကို ရှာတွေ့နိုင်ပါ့မလား
ရုပ်ရှင်ကားကို Kyi Nue Zin နဲ့ Nang Mwe Kham တို့က
ဘာသာပြန်ပေးထားပြီး သစ်ဆန်းခန့် မှ Encode ပေးထားပါတယ်