Movie Name
Action (2019)
Year
2019
Generes
Action
Code
03857
Type
Movie
Size
1.30 GB
Country
Bollywood
Description
တမီးလ်မင်းသားချော ဗီရှော(Vishal)ကို ရှားလော့ဟုမ်းဆန်ဆန် စုံထောက် ဇာတ်ကားတစ်ကားဖြစ်တဲ့ Thupparivaalan (2017) ဇာတ်ကားနဲ့ မနှစ်ကထွက်ခဲ့တဲ့ ဘဏ်ဟက်ကာဇာတ်ကား Irumbu Thirai (2018) တို့မှာ တောင်ပိုင်းကားပရိတ်သတ်တွေ ရင်းနှီးပြီးသား ဖြစ်ပါလိမ့်မယ်။ အရပ်မြင့်မြင့် ဘော်ဒီအချိုးအဆစ်ကျပုံကြောင့် အက်ရှင် ၊ စုံထောက် ၊ အကြမ်းဖက်နှိမ်နင်းရေး ဇာတ်ကားတွေနဲ့ ဗီရှောဟာ လိုက်ဖက်တယ်လို့ ဆိုရမှာပါ။ ဒီကားကလည်း စုံထောက်ဆန်ဆန် ၊ အေးဂျင့်ကားဆန်ဆန်နဲ့ အကြမ်းဖက်နှိမ်နင်းရေးလုပ်ဆောင်တဲ့ ကာနယ်လ်ဆူဘာ့ရှ်အကြောင်းပါပဲ။ နိုင်ငံရေးနယ်ပယ်မှာ ကျင်လည်နေတဲ့ ဖခင်ကြီးနဲ့ ၊ သူ့အကိုဖြစ်သူတို့ နိုင်ငံရေးဟောပြောပွဲတစ်ခုရဲ့ စင်မြင့်ပေါ်မှာ မထင်မှတ်ပဲ ဗုံးဖောက်ခွဲ လုပ်ကြံခံရပြီးနောက်ပိုင်း. . . ကာနယ်လ်ဆူဘာ့ရှ်တစ်ယောက် လက်သည်တရားခံကို ဘယ်လိုလိုက်ရှာ ချေမှုန်းမလဲဆိုတာကို. . .ရိုက်ပြထားတာပါ။ နိုင်ငံရေးလောကဆိုတာ အင်မတန်ရှုပ်ထွေးပွေလီလှပြီး ၊ အကြမ်းဖက်သမားတွေနဲ့ နိုင်ငံရေးသမားတွေ လက်ဝါးချင်းရိုက် ပူးပေါင်းသွားရင် ဘာတွေ ဖြစ်လာတတ်သလဲ. . . ပြိုင်ဘက်နိုင်ငံတွေ တစ်ဖက်နဲ့တစ်ဖက် အင်အားပြိုင်ကြတဲ့အခါ. . . ကြားမှာ မြေစာပြင်ဖြစ်ရသူတွေက ဘယ်သူတွေ ဖြစ်မလဲ. . . အိုဗာအက်ရှင်တွေ အတော့်ကို နည်းပါးတဲ့အတွက်. . .မည်သူမဆို ပေါ့ပေါ့ပါးပါး ကြည့်ရှုအားပေးနိုင်ပါတယ်။ ဗီရှောနဲ့ တွဲဖက်ပြီး အားဖြည့်သရုပ်ဆောင်ထားသူက ဘာဟူဘာလီဇာတ်ကားထဲက မင်းသမီးချော တမန်နားဟ်(Tamannaah) ဖြစ်ပါတယ်။ ဒါ့အပြင် 2020 မှာလည်း ဗီရှောရဲ့ Thupparivaalan 2 ဇာတ်ကား ထွက်ဦးမှာပါတဲ့ ခင်ဗျာ။ ဘာသာပြန်နှင့် အညွှန်းကို တင်ဆက်ပေးထားကြသူတွေကတော့ Myint Thu နဲ့ Nyi Nyi Koe တို့ ဖြစ်ပါတယ်။