-
Movie Name
-
Babumoshai Bandookbaaz (2017)
-
Year
-
2017
-
Generes
-
Action, Crime
-
Code
-
03863
-
Type
-
Movie
-
Size
-
899 MB
-
Country
-
Bollywood
-
Description
-
ဒီတစ်ခေါက် တင်ဆက်ပေးလိုက်တဲ့ ဇာတ်ကားက ချန်နယ်မြန်မာမှာ တောင်းဆိုမှုအများဆုံးဇာတ်ကား တစ်ကားဆိုရင် မမှားပါဘူး။
အချစ်အတွက်နဲ့ တောင်ဖြိုပြခဲ့တဲ့ မြန်မာပရိသတ်တွေရဲ့ အကြိုက်မင်းသားကြီး Nawazuddin Siddiqui ရဲ့ 2017 က ထွက်တဲ့ ဂန်းစတား ဘဝ သရုပ်ဖော် ဘောလိဝုဒ်ဇာတ်ကားဖြစ်ပါတယ်။
(2017 ကားက 2018နှစ်ကုန်ပိုင်းမှ ကြည်တောက်ရှင်းထွက်လာပြီး 2019နှစ်သစ်မှာ စာဖိုင် ထွက်လာလို့ပါ။)
သဘာဝကျတဲ့ ဇာတ်ရုပ်တွေကိုအပိုအလိုမရှိ သရုပ်ဆောင်တတ်တဲ့မင်းသားကြီးရဲ့ ကားဆိုတော့မကောင်းမှာ မပူရသလို၊လူ့သဘာဝနဲ့ လူ့စိတ်ကို အကောင်းဆုံး ပြသပေးတဲ့ ဇာတ်ကားလည်း ဖြစ်ပါတယ်။
အပစ်အခတ် အသတ်အပုတ်တွေ ကြမ်းသလို၊ အချစ်ခန်းတွေကလည်း ကြမ်းပါတယ်
ဒါ့အပြင် ဒီကားက မင်းသမီး Bidita Bag လက်စွမ်းပြလိုက်တဲ့ဇာတ်ကားဆိုရင်လည်း မမှားပါဘူး။
ပီပြင်လှတဲ့ သရုပ်ဆောင်ချက်တွေကို လက်ဖျားခါရပါတယ်။
ဇာတ်ကားအကြောင်းအရာကို မညွှန်းတော့ပါဘူး။
တစ်ခါတစ်လေဇာတ်လမ်းအကြောင်းအရာကို ဖတ်ကြည့်တာထက်ကိုယ်တိုင်ကြည့်လိုက်တာက ပိုကောင်းလို့ပါ။
ပြောလိုတာကတော့မြန်မာပြည်က ဂန်းစတားတွေလိုစကားတွေအများကြီး မပြောပါဘူး။
မျက်နှာတွေ ရှုံ့မပြပါဘူး။
မျက်နှာ အမူအရာတွေ ၊မျက်လုံးအကြည့်တွေ၊သီချင်းတွေနဲ့တင် မြိုင်ဆိုင်ပြည့်စုံနေတဲ့ကြေးစားလူသတ်သမား၂ယောက်ရဲ့ ကစားပွဲပါ။
ဒီကစားပွဲကို ပြည့်စုံစေဖို့ နိုင်ငံရေးလောကထဲဝင်မယ့် လူမိုက်ကြီးတွေကလည်း အားဖြည့်ထားပါတယ်။
“ရသမပါတဲ့ အနုပညာက ဆားမပါတဲ့ဟင်းနဲ့တူတယ်၊ဘဝအမောတွေ ပြေပျောက်စေသည်မှာ ရသပင်ဖြစ်သည်” တဲ့။ဆရာဇော်ဂျီရဲ့ အဆိုအမိန့်ကလည်း ရှိခဲ့တယ်။
ဒီတော့ ဘဝအမောတွေကို ပြေပျောက်စေဖို့သဘာဝစစ်စစ်ကို ရသလေး ဖြည့်ပြီးကျွန်တော်တို့ရဲ့ နှလုံးသားကို အဟာရလေး ရစေမှာပါ။
ရေခဲသေတ္တာထဲက အအေးဘူးထက်ကမ်းခြေက အုန်းသီးရေက ပိုပြီး အရသာရှိသလိုမျိုး။
အကောင်းစားအရက်ကို အကောင်းဆုံးအမြည်းနဲ့နာမည်ကြီး ဆိုင်မှာ သောက်ရတာထက်တခါတလေ နားအေးပါးအေးကွင်းလယ်က ဖျာစုတ်တစ်ချပ်ပေါ်ထိုင်ပြီး ထန်းရေကို ပဲလှော်နဲ့ မြည်းကြရအောင်လားဗျာ….။
ဒီဇာတ်ကားလေးကို ကြည့်ရှုပြီးကြရင် ခံစားမိသမျှကို ကျွန်တော်တို့ထက်ပိုကောင်းတဲ့Reviews လေးတွေ ရေးဖြစ်ကြမယ်လို့မျှော်လင့်ပါတယ်၊ စောင့်မျှော်လျက်ပါပဲဗျာ။
(အရွယ်မရောက်သေးသူတွေ၊မိသားစုနဲ့အတူကြည့်မယ့်သူတွေ အတွက်တော့ တချို့ဇာတ်ဝင်ခန်းတွေနဲ့ ပြောစကားတွေဟာ ကြမ်းတမ်းမယ် ထင်ပါတယ်)
အညွန်းနဲ့ ဘာသာပြန်ကတော့ Myin Thu နဲ့ Nyi Nyi Koe တို့ ညီအစ်ကိုပါ။