-
Movie Name
-
Dev.D (2009)
-
Year
-
2009
-
Generes
-
Drama, Romance
-
Code
-
04526
-
Type
-
Movie
-
Size
-
1.1 GB
-
Country
-
Bollywood
-
Description
-
IMDb 8/10
ဒေ့ဗ်၊ ပါရိုနဲ့ ချန်ဒရာမူခီးတို့ရဲ့ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းတစ်ပုဒ်ကို
ဘောလီဝုဒ်ဖန်တိုင်း ရင်းနှီးကြမှာပါ
ဘာကြောင့်လဲဆိုတော့ ကင်းခန်းကြီးနဲ့ အရှ်တို့ရဲ့
ဂန္တဝင်ကားကောင်းကြီးတစ်ကားဖြစ်တဲ့
Devdas ကို လူတိုင်းကြည့်ဖူးကြလို့ဖြစ်ပါလိမ့်မယ်
ဒီဇာတ်လမ်းကလည်း ထိုနည်းလည်းကောင်းပါပဲ
ဒေ့ဗ်နဲ့ ပါရိုဟာ အင်မတန်သိပ်ချစ်ကြတဲ့
ငယ်သူငယ်ချင်းငယ်ချစ်တွေပေါ့ တစ်ယောက်စီရဲ့ အချစ်ဦးတွေလိုဆိုရလိမ့်မယ်
ဒါပေမဲ့ မမျှော်လင့်ထားတဲ့ဖြစ်ရပ်တစ်ခုကြောင့်
ဒေ့ဗ်နဲ့ပါရိုဝေးကွာသွားခဲ့တယ်
ပါရိုနဲ့ဝေးသွားခဲ့တဲ့ဒေ့ဗ်ဟာ
သူ့ဘဝသူ အရှုံးပေးကာ ဖြစ်သလိုနေ သွားချင်ရာသွား လာချင်ရာလာနေခဲ့ပြီး
ချန္ဒရာဆိုတဲ့မိန်းကလေးတစ်ဦးနဲ့တွေ့ဆုံခဲ့ပါတယ်
ဒီအချိန်မှာတော့ ဒေ့ဗ်ရဲ့အချစ်ရေး ဘယ်လိုဖြစ်သွားမလဲ …
ဂန္တဝင်ကားကြီး Devdas ဟာဆိုရင် IMDb 7.5/10 အထိရရှိထားပါတယ်
ဒါပေမဲ့ ဒီ Dev.D ကတော့ IMDb 8/10 အထိတောင်ရရှိထားပါတယ်
ဘာကြောင့်လဲဆိုတော့ ဘောလီဝုဒ်ရဲ့ မာတင်စကော့ဆေးလို့ တင်စားခေါ်ကြတဲ့
ဒါရိုက်တာကြီး အနျူရက်ကရှ်ယက်ကြောင့်ပါ
သူ့ကားတွေတိုင်းဟာ အင်မတန်ကို လက်တွေ့ဆန်မှုကိုအခြေခံထားလို့ပါပဲ
ယခုဒီဇာတ်ကားဟာလည်း အေဆင်ဆာ (Adult Only Video) ဖြစ်သောကြောင့်
အသက်မပြည့်သေးသူများ၊ ကလေးသူငယ်များ၊ မိသားစုနဲ့အတူကြည့်ရှု့ရန်မသင့်တော်ပါဘူး
စကားလုံးတွေဟာ လက်တွေ့ကျကျကြမ်းတမ်းပြီး
အရက်သေစာသောက်စားမှုတွေ
မူးယစ်ဆေးသုံးစွဲမှုတွေ တသီကြီးပါဝင်လို့ပါပဲ
သမာရိုးကျဘောလီဝုဒ်ကားတွေကို ရိုးအီနေပြီဆိုရင်
ဒီကားလေးမြည်းကြည့်လှည့်ပါ
သူမတူတဲ့ရသတစ်ခုပေးစွမ်းပါလိမ့်မယ်
“ဒေ့ဗ်တိုင်းဟာ ပါရိုကိုပဲ သေသည်အထိချစ်သွားရမှာလား
ဒါမှမဟုတ် ချန်ဒရာမူခီးနဲ့ ပျော်ပျော်ရွှင်ရွှင်နေထိုင်သွားလို့ရော မရနိုင်လို့လားဗျာ”
ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Zaw Htoo ပဲဖြစ်ပါတယ်…