Movie Name
HIPPI (2019)
Year
2019
Generes
Comedy, Romance
Code
03872
Type
Movie
Size
1.20 GB
Country
Bollywood
Description
ဗြိတိန်ကဗျာဆရာကြီး ဂျွန်မီလ်တန်က ပြောဖူးတယ်။ မိန်းကလေးတစ်ယောက်ကို စချစ်မိရင် “နိဗ္ဗာန်”ပဲ။ မိန်းကလေးတစ်ယောက်နဲ့ ချစ်သူဖြစ်သွားပြီဆိုရင်တော့ “နိဗ္ဗာန် ပျောက်ဆုံးသွားပြီ”တဲ့။ ဂျွန်မီလ်တန်မှ မဟုတ်ပါဘူး။ အချစ်ကို အဓိပ္ပာယ်ဖွင့်ဆိုခဲ့သူတွေဆိုတာ ဟိုးအရင်ကလည်း ရှိခဲ့တယ် ၊ အခုလည်း ရှိနေတယ် ၊ နောင်လည်း ရှိနေဦးမှာပဲ မလား. ? တစ်စုံတစ်ယောက် . . . ကိုယ့်သူငယ်ချင်းရဲ့ ချစ်သူဖြစ်ခဲ့ဖူးတဲ့ တစ်စုံတစ်ယောက်က သင့်ကိုလာပြီးတော့ ချစ်ရေးဆိုမယ်ဆိုရင်…. အဲ့ဒီလူကို သင့်ဘက်က ချစ်နေရင်တောင် သူငယ်ချင်းကို ငဲ့ကွက်ပြီး ငြင်းပယ်မှာလား . . .? % buffered 00:00 00:00 Download Your browser does not support the video tag. ဒါမှမဟုတ် သင့်နှလုံးသား အလိုအတိုင်း အဲ့ဒီလူကို ပြန်ချစ်လိုက်မှာလား ? အရှုပ်အထွေးတွေကြားမှာ နေပျော်တတ်ကြတဲ့ ကျွန်တော်တို့ပုထုဇဉ်တွေကြားမှာ ဒီလိုမျိုး လွန်ဆွဲမှုတွေနဲ့ မကြာမကြာဆိုသလို ကြုံတွေ့ရတတ်ပါတယ် ။ ဒီဇာတ်ကားမှာတော့ စော်ကြည်ဘဲကြီး ဟစ်ပီနဲ့ ဆိုင်ကယ်ခရေစီဖြစ်တဲ့ ကောင်မလေး အမ်မူဒါတို့ကြားက အချစ်ရေးကိစ္စကို အဓိက ဇာတ်အိမ်တည်ပြီးရိုက်ပြထားတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ် ။ ခေါင်းဆောင်အဖြစ်နဲ့ပါဝင်သရုပ်ဆောင်ထားသူက RX 100 ဇာတ်ကားနဲ့ပရိတ်သတ်ရင်ထဲကို ရောက်ခဲ့ဖူးသူ တေလဂူမင်းသားချော Kartikeya Reddy Gummakonda ဖြစ်ပြီး မင်းသမီးကလည်း Jalebi ဇာတ်ကားထဲမှာ အာနူးအဖြစ် သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးချော Digangana Suryavanshi ဖြစ်ပါတယ်။ တေလဂူ အချစ်ကားလေးတွေကို ကြိုက်တတ်တဲ့ ပရိတ်သတ်အတွက် ကျေနပ်စရာ ဇာတ်ကားလေး တစ်ကားပါပဲ ။ အိုဗာအက်ရှင် တစ်ခန်းနှစ်ခန်းကို နားလည်ပေးပြီး ခံစားမယ်ဆိုရင်တော့ ပရိတ်သတ်အားလုံးအတွက် ကြည့်ပျော်ရှုပျော်ရှိလှတဲ့ ဇာတ်ကားတစ်ကားဖြစ်လာမှာပါ။ ကိုမြင့်သူက အများဆုံးရေးပေးထားပြီး ညီညီကိုးမှ အနည်းငယ် ဝင်ယောင်ထားပါတယ်