-
Movie Name
-
MAHARSHI (2019)
-
Year
-
2019
-
Generes
-
Action, Drama
-
Code
-
03886
-
Type
-
Movie
-
Size
-
1.29 GB
-
Country
-
Bollywood
-
Description
-
IMDb Rating – 7.9/10
2018မှာ ဝန်ကြီးချုပ်ဇာတ်ရုပ်နဲ့ မြင်တွေ့ခဲ့ရတဲ့မာဟေ့ရှ်ဘာဘူကို Maharahi-2019မှာတော့ ဇာတ်ရုပ်အမျိုးမျိုးနဲ့ တွေ့မြင်ရမှာပါ။
မင်းသမီးချောကတော့ တေလဂူးအချစ်ဇာတ်လမ်းကြိုက်သူတွေ သိပြီးသားဖြစ်မှာပါ။
ဇာတ်ရုပ်အမျိုးမျိုးနဲ့ အတူ ခွန်အားတွေ၊ရသတွေကိုလည်းပေးစွမ်းနိုင်တဲ့ ဇာတ်ကားကောင်းတစ်ကားဆိုရင်မမှားပါဘူး။
ဇာတ်လမ်းက ရှည်လျားပေမဲ့ဘယ်နေရာမှာမှ ပိုနေတဲ့ ဇာတ်ဝင်ခန်း မတွေ့မိပါဘူး။
ကဲ အဆင်ပြေရင် အညွန်းလေး တစ်ချက် လာမယ်။
—————————————————
% buffered
00:00
-00:09
Download
Your browser does not support the video tag.
မာဟေ့ရှ်ကို ဇာတ်လမ်းရဲ့ စစချင်းမှာနာမည်ကြီး ကုမ္ပဏီတစ်ခုရဲ့စီအီးအိုအဖြစ်ရွေးချယ်ခံရတယ်ဆိုတာတွေကို ရှေးဦးစွာမြင်ရမှာပါ။
သူဟာ ဒီလို ဘဝရောက်ခဲ့ဖို့ ကြိုးစားခဲ့ရတဲ့အခြေခံဘဝကလည်း ဆိုးရွားခဲ့ပါတယ်။
ဒါကြောင့်လည်း သူ ဖြစ်ချင်ခဲ့တာကို ကြိုးစားပြီးဖြစ်ခွင့်ရခဲ့တာပါ။
ကျောင်းသားဘဝမှာ လွမ်းဆွေးစရာတွေ၊ပြန်မရနိုင်တဲ့ သူငယ်ချင်းကောင်းတွေ၊အချစ်ရေးတွေနဲ့။ကူညီပေးခဲ့တဲ့ ဆရာတွေနဲ့။
မိသားစုဖက်မှာဆိုရင် ပြန်တောင်းလို့မရနိုင်တော့တဲ့ နောင်တတွေနဲ့။
ဒါပေမဲ့ သူ.. အောင်မြင်မှုတစ်ခုတည်း အတွက်ဘဝကို ရုန်းကန်လာတဲ့အခါလက်လွှတ်ခဲ့ရတာတွေလည်း အများသား။
အောင်မြင်တယ်ဆိုတာကို ငွေတစ်ခုနဲ့ပဲ ဆုံးဖြတ်ကြတာလား … ။
အဖက်ဖက်မှာ အောင်မြင်ဖို့ဆိုတာလည်းသူ့အတွက် မလွယ်လှ။
မိဘ…၊ ချစ်သူ…၊ သူငယ်ချင်း..၊ အောင်မြင်မှုဘာတွေဟာ အရေးပါခဲ့လဲ သူမသိခဲ့။
အတိတ်ကို ပြန်တွေးရင် တွေးလေ ဆွေးစရာတွေနဲ့ပဲပြည့်နေတဲ့ သူ့ရဲ့ အောင်မြင်မှု၊
ဖြစ်သင့်တာကို ဦးစားပေးရင်ဖြစ်ချင်တာကိုလည်း လုပ်ရဦးမယ်မလား။
နှလုံးသားရဲ့ လိုအင်ကို ချိုချဉ်ကျွေးပြီးလျှိုထားချင်လို့မှ မရဘဲ။
ကဲ ရီရှီဆိုတဲ့ ကမ္ဘာ့ထိပ်သီးကုမ္ပဏီ အော်ရီဂျင်ရဲ့စီအီးအို… ခရီးဆက်ပါပြီ။
——————————————————
ဒီဇာတ်ကားထဲမှာတော့ မိဘနဲ့ သားသမီး၊သူငယ်ချင်းကောင်းစိတ်ဓာတ်၊အချစ်ရေးတွေအပြင်အိန္ဒိယနိုင်ငံရဲ့ အခြေခံလူတန်းစားတွေရဲ့ဘဝကိုပါ နိုင်ငံရေးနဲ့တွဲပြီး မြင်ရမှာပါ။
ဇာတ်လမ်းထဲ အကြောင်းအရာများပြီးအကြောင်းရင်းတစ်ခုစီမှာရသတစ်ခု ပေးထားတယ်လို့ မြင်မိပါတယ်။
တေလဂူး ပြည်နယ်ဇာတ်ကားမို့ သူတို့ရဲ့ သဘာဝအတိုင်း အချစ်၊ ဘဝသရုပ်ဖော် စတာတွေနဲ့ပြည့်နှက်နေပြီး အက်ရှင်၊အကတွေလည်း ပါပါသေးတယ်။
အက်ရှင်တွေမှာ အိုဗာတွေပါတာတော့သူတို့ရဲ့ သဘာဝမို့ နားလည်ကြည့်ရမှာပါ။
ဒီဇာတ်ကားဟာ အိန္ဒိယဇာတ်ကားအများစုအားရစရာမရှိတဲ့ 2019ခုနှစ်မှာတော့ကျေနပ်စရာ ဇာတ်ကားတစ်ကား အဖြစ် မြင်မိပါတယ်။