Movie Name
Sarkar (2018)
Year
2018
Generes
Action, Drama
Code
03900
Type
Movie
Size
1.48 GB
Country
Bollywood
Description
အားလုံးလည်း စောင့်မျှော်နေကြပြီ ထင်ပါတယ်ဗျာ။ ဘာသာပြန်အခက်အခဲနည်းနည်းရှိနေလို့ ကြန့်ကြာသွားခဲ့ပါတယ်။ မကြာသေးမီက မြန်မာနိုင်ငံမှာ ရုံတင်သွားတဲ့ Tamil မင်းသား ဗီဂျေးရဲ့ 2018နှစ်ကုန်ပိုင်းမှာ ထွက်လာတဲ့ ကားကောင်းတစ်ကားဖြစ်ပါတယ်။ ” အညွှန်း “ “မင်္ဂလာပါ ကိုယ့်လူတို့ မစ္စတာ ဆွန်ဒါ ရာမဆွာမီရဲ့ အကြောင်း သိတဲ့သူ ဘယ်နှယောက် ရှိလဲ “ “သူက ထိပ်သီကုမ္ပဏီ GL ရဲ့ CEO ပါ” “သူက အမေရိကမှာနေတဲ့ တမေးလ်လူမျိုးပါ” “သူက ဒေါ်လာသန်းပေါင်းများစွာ လစာရသူပါ” % buffered 00:00 -00:06 Download Your browser does not support the video tag. “ဒီအပြင် သူဟာ ပြိုင်ဘက်ကုမ္ပဏီတိုင်းကို ဖြိုခွင်းတတ်တယ် သူကို ကုမ္ပဏီတော်တော်များများ ဖိမ့်ဖိမ့်တုန် ကြောက်ကြရတယ်” ခု သူ အိန္ဒိယကို ပြန်လာတာ ဘာအတွက်လဲ? အရင်လို ကုမ္ပဏီတချို့ကို ဖြိုခွင်းခဲ့ဦးမှာလား? “ယုံတောင်မယုံနိုင်ပါဘူးဗျာ သူ အိန္ဒိယကို လေယာဉ်စင်းလုံးငှားပြီး ဘော်ဒီဂတ်တွေနဲ့ ပြန်လာတာ သူပြည်နယ်ရွေးကောက်ပွဲမှာ မဲပေးဖို့ အတွက် သီးသန့်ပဲတဲ့။ သူမဲပေးပြီး ညနေ မိသားစုနဲ့ ထမင်းလက်ဆုံစား၊ ပြီးရင် အမေရိကကို ပြန်မှာပါတဲ့” ဒီလိုနဲ့ အမေရိကမှာနေတဲ့ တမေလ်နာဒူပြည်နယ်ဂုဏ်ဆောင် မစ္စတာ ဆွန်ဒါရာမဆွာမီဟာ မဲရုံဆီ သွားပြီး မဲပေးခဲ့ရမှာတော့ သူ့အမည်နဲ့ မဲက ပေးပြီးသား ဖြစ်နေခဲ့တာပါ။ သူတပါးကြောတာကို မခံချင်တဲ့ ဆွန်ဒါရာမဆွာမီဟာ ငွေကုန်ကြေးကျ ခံပြီး မဲပေးဖို့ အဝေးကြီးက လာခဲ့ရတော့ သူ့မဲပေးခွင့်ကို ပြန်လည်တောင်းခံပါတော့မယ်။ မဲပေးချိန်ကုန်လို့ မဲရုံသိမ်းသွားရင် သူ ဘာမှ မလုပ်နိုင်တော့ဘူးလို့ ထင်နေတဲ့သူတွေကို သူ ပညာပေးဖို့ အကြောင်းဖန်လာခဲ့ပါတယ်။ ဥပဒေရေးရာ ကျွမ်းကျင်ပညာရှင်တွေနဲ့ မဲပေးခွင့် ပြန်လည်တောင်းခံခဲ့ရာမှာတော့ ….. သူနဲ့အတူ မဲပေးခွင့်မရလိုက်တာ ဘယ်သူတွေ ရှိဦးမလဲ၊ မဲပေးခွင့်ကို ဘယ်လိုတောင်းခံမလဲ၊ ရွေးကောက်ပွဲဥပဒေကို ဘယ်လို ကျွမ်းကျင်စွာသုံးမလဲ စတဲ့ စိတ်ဝင်းစားစရာတွေနဲ့အတူ ဒီမိုကရေစီဆိုပြီး ကြွေးကြော်နေတဲ့ ပါတီတွေက ဒီမိုကရေစီကို မှေးမှိန်အောင် လုပ်နေကြတဲ့လူတွေ၊ မဲတစ်ပြားကို အလွဲသုံးစား တန်ဖိုးမထားတတ်တဲ့ အထက်လူကြီးတွေ၊ သူတို့တွေနဲ့ ရင်ဆိုင်ရာမှာတော့…… ————————————————— (ဤ အပိုင်းသည် spoiler ပါနိုင်သည် :3) ————————————————— ဆွန်ဒါ ရာမဆွာမိဟာ ကိုယ့်ပြည်နယ်ကိုယ့်လူမျိုးကို ချစ်တဲ့ ခေတ်လူငယ်တစ်ယောက်ပါ။ သူဟာ ခုလို မဲကိစ္စနဲ့ ပြဿနာရာမှာ နိုင်ငံရေးသမားတချို့ရဲ့ မကောင်းမှု အကြောင်းတွေနဲ့ ပြည်နယ်အတွင်း ဒုက္ခခံ ပြည်သူတွေရဲ့ ဘဝကို မထင်မှတ်ဘဲ သိမြင်လာခဲ့ရပါတယ်။ ဒီအတွက် သူဟာ မကြာခင် အုပ်ချုပ်သူလူတန်းစားတွေရဲ့ ဝါးမြိုခံရတော့မယ့် ပြည်သူတွေကို ကယ်တင်နိုင်ဖို့ ဆုံးဖြတ်ချက် တစ်ခု ချလိုက်ပါတယ်။ သူ့ဆုံးဖြတ်ချက်ကတော့………… အဲ့ဒီအချိန် မဲတွေခိုးပြီး လုပ်စားနေတဲ့ ဝန်ကြီးမာစီလာမာနီမှာ သမီးလေးဟာ နိုင်ငံခြားမှ ရောက်ရှိလာခဲ့ပြီး ဆွန်ဒါရာမဆွာမိကို အလဲထိုးဖို့ ဖခင်ဘက်မှ အားဝင်ဖြည့်ခဲ့ပါတယ်။ ဆွန်ဒါရာမဆွာမိဟာ ….. ဖခင်ရော သမီးနဲ့ပါ ရင်ဆိုင်ဖို့ အကြောင်းဖန်လာခဲ့ပြီး …. လှည့်ကွက်တွေ၊ လုပ်ကြံသတ်ဖြတ်မှုတွေ၊ တစ်ဦးနဲ့တစ်ဦး ခြေလှမ်းသာဖို့ ကြိုးစားနေကြပုံတွေကို စိတ်ဝင်စားဖွယ် ကြည့်ရှုရပါမယ်။ (စာအသေကပ်ကို ကြည့်ထိုးထားခြင်းဖြစ်ပြီး စာအနည်းငယ် ချွင်းချက်ရှိပါက ခွင့်လွှတ်ပေးကြပါရန် ကြိုတင်တောင်းပန်ပါတယ်၊ အတတ်နိုင်ဆုံး အမှန်ဆုံးဖြစ်စေရန် ပြင်ဆင်ထားပါတယ်) ဘာသာပြန် နဲ့ အညွှန်းကတော့ Myint Thu & Nyi Nyi Koe တို့ နှစ်ယောက်ဖြစ်ပါတယ်