-
Movie Name
-
Man Of Tai Chi (2013)
-
Year
-
2013
-
Generes
-
Action
-
Code
-
01533
-
Type
-
Movie
-
Size
-
1.15 GB
-
Country
-
China
-
Description
-
သူဟာသိုင်းပြိုင်ပွဲတစ်ခု ဝင်ပြိုင်နေရင်း သူရဲ့ သိုင်းပညာကို Donaka Mark က သဘောကျသွားပါတော့တယ်။ Donaka ဟာ အသေအကြေအထိ တိုက်ခိုက်ရသော တရားမဝင် သိုင်းပြိုင်ပွဲတွေကို ဖန်တီးနေသူတစ်ယောက်ဖြစ်ပါတယ်။ Donaka ဟာ Tiger ကို လုံခြုံရေးကုမ္ပဏီမှာ Security အလုပ်လုပ်ဖို့အတွက် စာပို့ပြီး ကမ်းလှမ်းလိုက်ပါတော့တယ်။ Security အလုပ်ဆိုလို့ Tiger ဟာ စိတ်ဝင်စားသွားပါတော့တယ်။
Tiger ကို ဘယ်မှန်းမသိရတဲ့ နေရာကို လေယာဉ်ပျံနဲ့ခေါ်သွားပြီး သူ့ကို အညိုရောင် အခန်းလွတ်ထဲ မှာ ထားထားလိုက်ပါတယ်။ အခန်းလွတ်ထဲမှာ ဘာဖြစ်လာမလဲဆိုတာ စောင့်ကြည့်နေစဉ် “Fight” ဆိုတော့ မိန်းမ အသံထွက်ပေါ်လာပြီးနောက် သူ့အနောက်ဘက်က လူတစ်ယောက်ထွက်လာပြီး သူ့ကို ဖက်ပြီးချုပ်ထားလိုက်ပါတော့တယ်။ ဒီလိုနဲ့ Tiger ဟာ အညိုရောင်းအခန်းထဲမှာ ချဖို့ အစပျိုးသွားပါတော့တယ်။ အညိုရောင်အခန်းအရှေ့မှာ မှန်တစ်ချပ်ရှိပြီး အဲ့ဒီမှန်ရဲ့ တစ်ဖက်မှာတော့ Donaka ဟာ စောင့်ကြည့်နေပါတယ်။ ဒီလိုနဲ့ Tiger ဟာ အရည်အချင်းစစ် အောင်မြင်သွားပါတော့တယ်။
Security အလုပ်လို့ထင်တားပေမယ့် ငွေကြေးနဲ့ ချ တဲ့ပြိုင်ပွဲတွေမို့လို့ Tiger ဟာ ငြင်းဆန်လိုက်ပါတယ်။ ဆရာဖြစ်သူ Yang ရဲ့ ဘုရားကျောင်းဟာ ပြုပြင်ထိန်းသိမ်းမှုနည်းတဲ့အတွက် နေရာဖယ်ပေးရဖို့ ကြုံလာပါတော့တယ်။ ပြုပြင်ထိန်းသိမ်းဖို့အတွက် ငွေကြေးအတော်များများလိုတဲ့အတွက် Tiger ဟာ Donaka ရဲ့ အလုပ်ကို လက်ခံလိုက်တော့ပါတယ်။
% buffered
00:00
-00:06
Download
Your browser does not support the video tag.
တကယ်တော့ သူတို့ချတဲ့ပြိုင်ပွဲတွေဟာ တရားမဝင်ပါဘူး။ ပြိုင်ပွဲတွေမှာ တစ်စ တစ်နစ်မြုပ်ရင်းနဲ့ ပြန်ရုန်းမထွက်နိုင်အောင်ဖြစ်နေပြီး နောက်ဆုံး အသေအကြေချရတဲ့ ပြိုင်ပွဲတွေအထိ ဦးတည်သွားပါတော့တယ်။ Sun Jingshi ကတော့ ဟောင်ကောင်ရဲအရာရှိမဖြစ်ပြီး ထိုပြိုင်ပွဲတွေကို လိုက်လံဖော်ထုတ်ဖို့ ကြိုုးစားနေသူပါ။ Tiger ဟာ ထိုပြိုင်ပွဲတွေနဲ့ ပတ်သက်မှုရှိမှန်း သိတော့ ကိုကိစ္စကိုပူးပေါင်းဖော်ထုတ်ဖိုက Sun Jingshi က Tiger ကို ပြောကြားခဲ့သော်လည်း Tiger က ငြင်းဆန်ခဲ့ပါတယ်။ တစ်ရက် ပြိုင်ပွဲတစ်ခုမှာ Donaka ဟာ Tiger ကို ပြိုင်ဘက်အား အသေသတ်ခိုင်းသော်လည်း Tiger က ငြင်းဆန်ခဲ့ပါတယ်။ Tiger က ငြင်းဆန်ခဲ့သော်လည်း ထိုရှုံးနိမ့်သွားသော ပြိုင်ဘက်ကို မျက်နှာဖုံးတပ်လူတစ်ယောက်ရောက်လာပြီး ဇတ်ချိုးသတ်သွားပါတော့တယ်။ ထိုအဖြစ်အပျက်ကို မြင်တော့ Tiger ဟာ စိတ်ပျက်စ ပြုလာပါတယ်။ ထိုကြောင့် ဟောင်ကောင်ရဲအရာရှိမကို ဆက်သွယ်ပြီး သူ ပြိုင်ပွဲတွေမှ ရုန်းထွက်ချင်ကြောင်း ပြောပြပါတော့တယ်။
Matrix မင်းသား Keanu Reeves က လူဆိုး Donaka အဖြစ်ပါဝင်သရုပ်ဆောင်ထားပြီး Director ကလည်းသူပါပဲ။ IMDB Ratings: 6.1/10 ရရှိထားတဲ့ Action ဇာတ်ကားလေးပါ။