-
Movie Name
-
Mojin The Lost Legend (2015)
-
Year
-
2015
-
Generes
-
Action, Drama
-
Code
-
01535
-
Type
-
Movie
-
Size
-
864 MB
-
Country
-
China
-
Description
-
စွန့်စားခန်း၊ သည်းထိတ်ရင်ဖို၊ အက်ရှင် ရသစုံကြည့်ရမယ့် တရုတ်ဇာတ်ကားလေးခံစားကြည့်ဖို့ ဖော်ပြပေးလိုက်ပါတယ်။
တရုတ်ပြည်က လူကြိုက်များ ဝတ္ထုဖြစ်တဲ့ ရတနာသိုက်ရှာပုံတော်ဖွင့်တဲ့ အကြောင်းကို အခြေခံပြီး ရိုက်ကူးထားတာပါ။
မိုကျင်းဆိုတာဟာ ရွှေတွေကို ထိတွေ့ခြင်းလို့ အဓိပ္ပာယ်ရပြီး မိုကျင်းဆိုတဲ့ နာမည်နဲ့ ဂူတွေကိုဖောက်ပြီး ရတနာသိုက်ရှာတဲ့ အဖွဲ့ရှိပါတယ်။ မိုကျင်းဆိုတဲ့ လျှို့ဝှက်အဖွဲ့အစည်းမှာ ဟူပရိ၊ ဝမ်ခိုင်းရွှမ်နဲ့ရှာလီရန်ဆိုတဲ့ မိုကျင်းခေါင်းဆောင်သုံးယောက်ရှိပါတယ်။ သူတို့တွေဟာ အရင်တုန်းက နယူးယောက်မြို့ရဲ့ နုံချာစုတ်ပြတ်တဲ့ လမ်းတွေမှာ ပစ္စည်း လိုက်လံရောင်းချသူတွေဖြစ်ပြီး ထူးဆန်းတဲ့ အလုပ်တစ်ခုကို လက်ခံလုပ်ကိုင်ရာကနေ အပြောင်းအလဲတွေဖြစ်ခဲ့တာပါ။
ဒီဇာတ်ကားက အင်ဒီယား နားဂျုန်းတို့၊ မံမီဇာတ်ကားတို့လို မျိုးပုံစံဖြစ်ပြီး ထူးဆန်းတဲ့သမိုင်းနောက်ခံအကြောင်းအရာတွေ၊ လျှို့ဝှက်နက်နဲမှုတွေကို စွန့်စွန့်စားစားရှာဖွေတဲ့ဇာတ်ကွက်တွေ က စိတ်ဝင်စားဖို့ကောင်းတာမို့ ပရိသတ်တွေသဘောကျကြမှာပါ။
ဒီတော့ ရှေးဟောင်းဂူတွေကိုတူးရင်း မိုကျင်းအဖွဲ့ဝင်တွေ ကြုံရမယ့် စွန့်စားခန်းတွေကို ဘယ်လိုဇာတ်အိမ်ဖွဲ့ထားသလဲဆိုတာ ကိုယ်တိုင် ဆက်ကြည့်လိုက်ဦးနော်။ ဒီဇာတ်ကားမှာ ဟူပရိအဖြစ် ချန်ကွန်၊ဝမ်ခိုင်းရွှမ်အဖြစ် ဟွမ်ဘို၊ ရှာလီရန်အဖြစ် ရှုချီတို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။
(ရုပ်ရှင်အညွှန်းကို 7daydaily.com မှကူးယူဖော်ပြပါသည်။)