-
Movie Name
-
Super 30 (2019)
-
Year
-
2019
-
Generes
-
Action, Drama
-
Code
-
03905
-
Type
-
Movie
-
Size
-
1.20 GB
-
Country
-
Bollywood
-
Description
-
2019 ခုနှစ်မှာ အောင်မြင်မှု တော်တော် ရခဲ့ပြီး 2017 ကတည်းက ပျောက်နေတဲ့ လက်ပွားမင်းသားခေါ် Hrithik Roshan ရဲ့ ရုံတင်ဇာတ်ကားကြီး အကြည်တက်ပြီမို့ တင်ဆက်ပေးလိုက်ပါတယ်။
ဒီကားကတော့ အိန္ဒိယနိုင်ငံရဲ့ သင်္ချာဆရာ အာနန်းကူးမားနဲ့ သူ့တပည့်တွေရဲ့ ဘဝကို ပြန်လည်ပုံဖော်ထားတဲ့ ဖြစ်ရပ်မှန်အတ္ထုပ္ပတ္တိ ရုပ်ရှင်ပါ။
IMDb Rating – 8.5/10
Google Users – 96%
Genere – Drama
% buffered
00:00
-00:03
Download
Your browser does not support the video tag.
—————————————————
အညွှန်းမရေးခင် ကြိုပြောချင်ပါတယ်။ အညွှန်းမဖတ်ဘဲ ကြည့်တာက ပိုပြီး သင့်တော်မယ်လို့ ထင်မိပါတယ်။
တစ်ကွက်ချင်းစီက ဇာတ်လမ်းရဲ့ ဆွဲဆောင်မှု ဖြစ်နေတော့ ရှောင်နိုင်တာ အကောင်းဆုံးပါ။
Spoiler တော့မပါပါဘူးခင်ဗျ။
ကဲ့ ပထမပိုင်းအတွက် အညွန်းလေး စပြီ။
နွမ်းပါးပြီး စာကြိုးစားတဲ့ လူငယ်လေး အာနန်းကူးမားဟာ သင်္ချာဘာသာရပ်မှာ အရမ်းထူးချွန်ပါတယ်။
သူကိုယ်တိုင် သင်္ချာကို ဝါသနာပါတာမို့ နိုင်ငံခြား ဂျာနယ်တွေအထိ သူ့ဆောင်းပါးကို ဖော်ပြခံရတယ်။
ဒီလို သူ့ရဲ့ အရည်အချင်းကြောင့် သူ မျှော်လင့်ချက် အိပ်မက်တစ်ခု ဖြစ်တည်လာခဲ့ပါတယ်။
ကမ့်ဘရစ်ချ် (Cambridge) ၊အောက်စ်ဖို့ဒ်(Oxford) စတဲ့ တက္ကသိုလ်တွေက သင်္ချာအထူးပြုနဲ့ PhD ရဖို့ပေါ့။
လူဆင်းရဲတစ်ယောက်အတွက် အိပ်မက်တွေဟာ ရောင်စုံခြယ်ဖို့ ဈေးကြီးလွန်းလှပါတယ်။
ဒီလိုနဲ့ မမျှော်လင့်ဘဲ ဒုက္ခမိုးတွေ သူ့ဆီရွာသွန်းခဲ့ရာမှာတော့….
ဒုတိယပိုင်း(နောက်ပိုင်း)အတွက် ထပ်ညွှန်းရရင်တော့… ကိုယ်ပိုင်ခံစားမှုလေး ထည့်ပါရစေ။
ပညာရေးကို စီးပွားရေးအဖြစ် အသုံးချလာကြတဲ့ လူအသိုင်းအဝိုင်း၊ ပညာရွှေအိုး လူမခိုး လို့ပဲ ဆိုရိုးရှိခဲ့တာပါ။
ရွှေအိုးရှိမှ ပညာရ ဆိုတဲ့ စကားပုံတော့ မတွင်ကျယ်ခဲ့ဘူး။
ပတ်ဝန်းကျင်မှာ ကျောင်းမနေနိုင်တဲ့ ကလေးတွေ မျးလာတယ်။
ကျောင်းနေရင် ကျူရှင်မယူရတဲ့ ကလေးတွေမှာ လကုန်တိုင်း ကျူရှင် ဆရာ မျက်နှာမဲ့မှာကို ကြောက်လာကြရတယ်။
ကျူရှင်စရိတ်(လခ)ပေးနိုင်ဖို့ အိမ်ကနေ အတင်းတောင်းရင်း ကျူရှင်ပျက်ရာက ကျောင်းထွက်သွားရတဲ့အထိ မြင်ဖူးခဲ့တယ်။
အဲ့ဒီလို ကလေးတွေ ရှိကြတယ်။ ဒါတွေကို မြို့နယ်မှာ အတော်ဆုံး လူဆင်းရဲဘဝက ရုန်းကန်ခဲ့ရတဲ့ ဆရာအာနန်းကူးမား နားလည်ခဲ့ရာမှာတော့…..
Super 30 အိပ်မက်တစ်ခု ဖြစ်တည်လာခဲ့ပါတယ်။
——————————————–
စာသင်ပြပုံတွေကို ရောထွေးပြီး ရိုးအီနေအောင်မထည့်ထားဘဲ အဓိက အထွတ်အထိပ်ရောက်မှ လိုအပ်သလို ဆွဲယူပြတာတွေက တော်တော်လေး အံ့မခန်းပါ။
နောက်ခံတီးလုံးတွေလည်း သစ်တယ်။
မျက်ရည်ကျလောက်တဲ့ ဘဝသရုပ်ဖော်တွေကို ပရိသတ်ကို ဆွဲခေါ်သွားနိုင်တာက လေးစားဖွယ်။
အခက်အခဲတွေ မျိုးစုံကို ရင်ဆိုင်နေရတဲ့ ဆရာတစ်ယောက်အတွက် တပည့်တွေက အတူဖြေရှင်းကြပုံတွေက အတုယူဖွယ်။
ဒီဇာတ်ကားဟာ ပညာရေး(Education) ကို အခြေခံထားပြီး ဘဝသရုပ်ဖော်တွေ ကို ရင်ဘတ်ထဲ ထည့်တော့မှာမို့ ကိုယ်တိုင်သာ ခံစားကြည့်ဖို့ အောက်က မန့်ဘောစ်ထဲ ဒေါင်းလုဒ်လင့်ကို ကော်ပီယူပြီး ဒေါင်းယူနိုင်ပါပြီ။
(စာအရေးအသား ဖတ်ရဆိုးတာမျိုးရှိရင် ကြိုတင် တောင်းပန်ပါတယ်။ စကားတွေ အများကြီး ပြောပေမဲ့ စာက နည်းနေတာမျိုးတွေ ရှိတတ်လို့ နားလည်လွယ်အောင် ကြိုးစားရေးရင်း ဖတ်ရတာ မပြေမပြစ်ဖြစ်နေတတ်လို့ပါ)
(အညွှန်းနဲ့ ဘာသာပြန်ပေးထားကြသူတွေကတော့ ညီညီကိုးနဲ့ မြင့်သူ ပါ။)